• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ကွန်မြူနစ်ပါတီ ၁၉ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ အစီရင်ခံစာ၏ အတွေးအခေါ်သစ်၊ ကောက်နှုတ်ချက်သစ်၊ ပြောပုံပြောနည်းသစ်နှင့် ဆောင်ရွက် ချက်သစ်များ

(GMT+08:00) 2017-10-19 15:01:25

တရုတ် ကွန်မြူနစ်ပါတီ ၁၉ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ ကို ယခုလ ၁၈ရက်နေ့က ပီကင်းတွင် ကြီးကျယ်ခမ်းနားစွာ ဖွင့်လှစ်ခဲ့ကြောင်း၊ ဖွင့်ပွဲ အစည်းအဝေးတွင် ရှီကျင့်ဖိန် တင်သွင်းခဲ့သည့် အစီရင်ခံစာ၌ စားလုံးပေါင်း ၃သောင်း ကျော်ရှိပြီး အနှစ်သာရ များစွာရှိကြောင်း၊ ၄င်းအစီရင်ခံစာတွင် သမိုင်းကို ပြန်လည် သုံးသပ်ပြီး အနာဂတ်ကို ရှေ့ရှုကာ ပြီးခဲ့သည့် ၅နှစ်အတွင်း တရုတ်ပြည် ကွန်မြူနစ်ပါတီ၏ နိုင်ငံရေးနှင့် စီမံအုပ်ချုပ်ရေး အတွေ့အကြုံများကို ဖော်ပြပြီး ယခုမှ ၂၀၂၀ပြည့်နှစ်၊ ၂၁ရာစုနှစ် အလယ်ပိုင်းအထိ တရုတ်ပြည်၏ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို ချမှတ်ကြောင်း၊ လူအများသည် ၄င်းအစီရင်ခံစာမှ အတွေးအခေါ်သစ်၊ ကောက်နှုတ်ချက်သစ်၊ ပြောပုံ ပြောနည်းသစ်နှင့် ဆောင်ရွက်ချက်သစ်များ အပေါ် ကျယ်ပြန့်စွာ အာရုံစိုက်နေကြကြောင်း ဆင်ဟွာ သတင်းဌာနက ရေးသားဖော်ပြသည်။

၎င်းအစီရင်ခံစာတွင် တရုတ် ဝိသေသ ထူးခြားချက်ပါ ဆိုရှယ်လစ်သည် ကာလ သစ်တွင် ဝင်ရောက်ပြီ ဖြစ်ကြောင်း ဖော်ပြသည်။ ယင်းသည် အရေးကြီးသည့် ကောက်နှုတ် ချက်တစ်ခု ဖြစ်ကြောင်း ဆင်ဟွာ သတင်းဌာနက ရေးသားဖော်ပြသည်။

အစီရင်ခံစာတွင် ကာလသစ် တရုတ် ဝိသေသ ထူးခြားချက်ပါ ဆိုရှယ်လစ် အတွေး အခေါ်ကို တင်ပြသည်။ ယင်းသည် တရုတ် ကွန်မြူနစ်ပါတီ ၁၈ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ ကျင်းပခဲ့သည့်နောက်ပိုင်းတွင် ရှီကျင့်ဖိန်၏ နိုင်ငံရေးနှင့် စီမံအုပ်ချုပ်ရေး ဆိုင်ရာ ခံယူချက်သစ်၊ အတွေးအခေါ်သစ်နှင့် မဟာဗျူဟာသစ်များကို စုစည်းပေါင်းချုပ်သည့်အချက် ဖြစ်ပြီး အရေးကြီးသည့် သဘောတရား ဆိုင်ရာ ဆန်းသစ် တီထွင်ရေး အောင်မြင်မှု ဖြစ်ကြောင်း ဆင်ဟွာ သတင်းဌာနက ရေးသားဖော်ပြသည်။

အစီရင်ခံစာတွင် အချိန်ကာလသစ်၌ တရုတ်ပြည်၏ အဓိက လူမှုရေး ပဋိပက္ခသည် ကောင်းမွန်သော နေထိုင်မှု ဘဝ အပေါ် ပြည်သူများ၏ တစ်နေ့တခြား တိုးပွားလာသော လိုအပ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မညီမျှမှုနှင့် မပြည့်ဝမှု အကြားရှိ ပဋိပက္ခ  ဖြစ်ကြောင်း ဖော်ပြသည်။ ကာလကြာရှည်စွာ ကုန်လွန်သွားခဲ့သည့် အချိန်ကာလပိုင်းက တရုတ်ပြည်၏ အဓိက လူမှုရေး ပဋိပက္ခသည် ပြည်သူများမှ တစ်နေ့တခြား တိုးပွားလာသည့် ရုပ်ပိုင်းနှင့် ယဉ်ကျေးမှု ဆိုင်ရာ လိုအပ်မှုနှင့် ခေတ်နောက်ကျသည့် ကုန်ထုတ်လုပ်မှု အကြားရှိ ပဋိပက္ခဖြစ်ကြောင်း၊ ယင်းသည် တရုတ်ပြည်၏ အဓိက လူမှုရေး ပဋိပက္ခမှ သမိုင်းဝင် ပြောင်းလဲမှု ဖြစ်ကြောင်း ဆင်ဟွာ သတင်းဌာနက ရေးသားဖော်ပြသည်။

အစီရင်ခံစာတွင် ကြိုးပမ်းဆောင်ရွက်ရေး ရည်မှန်းချက်သစ်များကို တင်ပြခဲ့သည်။ ၂၀၂၀ပြည့်နှစ်ရောက်လျှင် အတော်အတန် ချမ်းသာသည့် လူ့ဘောင် အဖွဲ့အစည်း တည်ဆောက်ပြီးစီးရန် ရည်မှန်းချက် အပြင် အစီရင်ခံစာတွင် တင်ပြထားသော ဖွံ့ဖြိုးရေး ရည်မှန်းချက်သစ်များ၌ ၂၀၃၅ခုနှစ်ရောက်လျှင် ဆိုရှယ်လစ် ခေတ်မီရေးကို အခြေခံ အားဖြင့် အကောင်အထည်ဖော်ရန်၊ ၂၁ရာစုနှစ် အလယ်ပိုင်း၌ တရုတ်ပြည်ကို ချမ်းသာ တောင့်တင်းပြီး ဒီမိုကရေစီကျကာ ယဉ်ကျေးသင့်မြတ်သာယာသော ခေတ်မီ ဆိုရှယ်လစ် နိုင်ငံ ဖြစ်ရန် ပါဝင်ကြောင်း ဆင်ဟွာ သတင်းဌာနက ရေးသားဖော်ပြသည်။

အစီရင်ခံစာတွင် တရုတ်ပြည်၏ ဖွံ့ဖြိုးရေး မဟာဗျူဟာ ရည်မှန်းချက်မှာ ခေတ်မီသော စီးပွားရေး စနစ် တည်ဆောက်ရန် ဖြစ်ကြောင်း ဖော်ပြသည်။ ၄င်းဖွံ့ဖြိုးရေး ရည်မှန်းချက် သည် တရုတ်ပြည် ကာလသစ်တွင် ဝင်ရောက်ခြင်း အပေါ် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ဆင်ဟွာ သတင်းဌာနက ရေးသားဖော်ပြသည်။

ထို့အပြင်၊ ဆင်ဟွာ သတင်းဌာနမှ ဝေဖန်ရေးဆောင်းပါးတွင် နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် လူမှုရေး နယ်ပယ်များမှ ၄င်းအစီရင်ခံစာ၌ တင်ပြထားသော ဆောင်ရွက် ချက်သစ် တစ်ရာကျော်သည် ဖွံ့ဖြိုးရေးသစ် တွန်းအားပေးရေးနှင့် ရည်မှန်းချက်သစ် အကောင်အထည်ဖော်ရေး၌ အရေးကြီးသည့် တွန်းအားပေးမှု အခန်းကဏ္ဍမှ ပါဝင်ဆောင် ရွက်မည်ဖြစ်ကြောင်း ရေးသားဖော်ပြသည်။

 

   Webradio