• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၉ ကြိမ်မြောက် CPC ညီလာခံသည် လာအိုနှင့် တစ်ကမ္ဘာလုံးအပေါ် အပြုသဘော ဆောင်သော သြဇာသက်ရောက်မှု ရှိမည်ဟု လာအို-တရုတ် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ ဒုဥက္ကဋ္ဌ ဆို

(GMT+08:00) 2017-10-19 10:53:36

        တရုတ်ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံကို ယခုလ ၁၈ ရက်နေ့က ပီကင်းမြို့၌ စတင်ကျင်းပခဲ့သည်။ ယင်းနှင့်ပတ်သက်ပြီး လာအို-တရုတ် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ ဒုဥက္ကဋ္ဌ၊ တရုတ်နိုင်ငံဆိုင်ရာ လာအိုသံအမတ်ကြီးဟောင်း ဗီကျစ်-ဆင်ဒါဗွန်က တရုတ်ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံတွင် ချမှတ်ထားသော ဖွံ့ဖြိုးရေးရည်မှန်းချက်များနှင့် နိုင်ငံခြားရေးပေါ်လစီများသည် လာအိုနှင့် တစ်ကမ္ဘာလုံးအပေါ် အပြုသဘော ဆောင်သော သြဇာသက်ရောက်မှု ရှိမည်ဖြစ်ကြောင်း စီအာအိုင်သတင်းထောက်များအား ပြောကြားသည်။

        ဗီကျစ်-ဆင်ဒါဗွန်က လာအိုနှင့် တရုတ်နှစ်နိုင်ငံသည် ဆိုရှယ်လစ်နိုင်ငံဖြစ်ပြီး ဖွံ့ဖြိုးရေး အတွေးအခေါ် နီးစပ်ပြီး မဟာဗျူဟာမြောက် ကံကြမ္မာအသိုက်အဝန်းဖြစ်ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံတွင် ချမှတ်ထားသော ဖွံ့ဖြိုးရေးရည်မှန်းချက်များနှင့် နိုင်ငံခြားရေးပေါ်လစီများသည် နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဘက်ဆက်ဆံမှု အဆင့်သစ်သို့ အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် အခြေခံအုပ်မြစ်ချထားကာ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အကျိုးပြုစွမ်းဆောင်မည်ဖြစ်ကြောင်း ပြောကြားသည်။

   Webradio