• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကမ္ဘာ့တောင်ဖက်ခြမ်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ကောလိပ် ပထမအသုတ် မဟာဘွဲ့ရ ကျောင်းသားများအား ရှီကျင့်ဖိန် စာပြန်

(GMT+08:00) 2017-10-19 10:53:02

        တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် ယခုလ ၁၁ ရက်နေ့က ကမ္ဘာ့တောင်ဖက်ခြမ်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ကောလိပ် ပထမဆုံးအသုတ် မဟာဘွဲ့ရကျောင်းသားများအား စာပြန်ခဲ့ရာ ကမ္ဘာ့ တောင်ဖက်ခြမ်း နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုသည် ဖွံ့ဖြိုးဆဲနိုင်ငံအနေဖြင့် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်၍ လက်တွဲဆောင်ရွက်ကာ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရေးဆိုင်ရာ မွန်မြတ်သော လုပ်ငန်း ဖြစ်ကြောင်း၊ တရုတ်ပြည်ဘက်သည် ကမ္ဘာ့တောင်ဖက်ခြမ်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ကောလိပ်ကျောင်းကို ပလက်ဖောင်းအဖြစ် ကောင်းကောင်းအသုံးပြုပြီး ကမ္ဘာ့တောင်ဖက်ခြမ်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးကာ ဖွံ့ဖြိုးဆဲနိုင်ငံများ အတူတကွဖွံ့ဖြိုးတိုးတက်ရန်နှင့် စည်ပင်သာယာရေးရရှိရန်အတွက် ကြိုးပမ်း ဆောင်ရွက်မည် ဖြစ်ကြောင်း ရေးသားသည်။

        ၂၀၁၅ခုနှစ် စက်တင်ဘာလက ဥက္ကဋ္ဌရှီကျင့်ဖိန်က ကုလသမဂ္ဂ ထူထောင်ခဲ့သည့် နှစ် ၇၀ ပြည့်မြောက် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့ရာ တရုတ်ပြည်သည် ကမ္ဘာ့တောင်ဖက်ခြမ်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ကောလိပ်ကျောင်းကို တည်ထောင်မည်ဟု ကြေညာခဲ့သည်။ ၂၀၁၆ ခုနှစ် ဧပြီလက ကမ္ဘာ့တောင်ဖက်ခြမ်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ကောလိပ်ကျောင်းကို ပီကင်းတက္ကသိုလ်၌ တည်ထောင်ပြီး ၂၀၁၆ခုနှစ် စက်တင်ဘာလက အာဖရိက၊ အာရှာနှင့် လက်တင်အမေရိကမှ အစိုးရဝန်ထမ်း၊ လွှတ်တော်အမတ်၊ ငွေကြေးလုပ်ငန်း ကျွမ်းကျင်သူများနှင့် ပညာရှင်များ ၄၈ ဦးတို့သည် မဟာဘွဲ့နှင့် ဒေါက်တာဘွဲ့ ရရှိရန် သင်တန်းတက်ခဲ့ကြကြောင်း သတင်းအရ သိရပါသည်။

   Webradio