• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်၏ နိုင်ငံရေး စီမံခန့်ခွဲမှု အတွေးအခေါ်ကို မြန်မာ ဝါရင့်မီဒီယာပုဂ္ဂိလ် ချီးကျူး

(GMT+08:00) 2017-10-19 10:05:43

 

တရုတ်ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံကို ပီကင်း၌ ကျင်းပနေသည့် တစ်ချိန်တည်းတွင် "တရုတ်- ရှီကျင့်ဖိန်ခေတ်" အမည် ဖြစ်သည့် မှတ်တမ်းတင် ရုပ်သံကားကိုလည်း ကမ္ဘာ့နိုင်ငံ ဆယ်ပေါင်းများစွာ၌ ထုတ်လွှင့်ပြသနေသည်။

ဦးအောင်မိုးသည် မြန်မာနိုင်ငံ Opinion Leaders မီဒီယာမှ အင်္ဂလိပ်ဘာသာ အယ်ဒီတာချုပ် ဖြစ်သည်။ ၄င်းသည် ရုပ်သံကားထဲပါ တရုတ်ပြည်၏ နေထိုင်မှုဘဝ တိုးတက် ကောင်းမွန်ရေးဆိုင်ရာ အကြောင်းအရာကို အထူး စိတ်ဝင်စားနေသည်။

ဦးအောင်မိုးက၊ ရှီကျင့်ဖိန် တင်ပြသော မြစိမ်းရောင် ဖွံ့ဖြိုးရေး အတွေးအခေါ်သည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးအတွက် လမ်းကြောင်း တစ်ခု ဖန်တီးပေးသည်ဟု ယူဆပါသည်။

ရှီကျင့်ဖိန်၏ လူသား ကံကြမ္မာ အသိုက်အဝန်း အတွေးအခေါ်နှင့် ပတ်သက်ပြီး ဦးအောင်မိုးက၊ Belt and Road ကမ်းလှမ်းချက်သည် လူသား ကံကြမ္မာ အသိုက်အဝန်း အတွေးအခေါ်၏ အရေးကြီး အစိတ်အပိုင်း ဖြစ်ပြီး မြန်မာနိုင်ငံသည် Belt and Road တလျှောက်မှ နိုင်ငံ တစ်နိုင်ငံ အဖြစ်ဖြင့် ယင်းထဲတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက် သင့်သည်ဟု ယူဆပါသည်။

ထို့ပြင် ဦးအောင်မိုးသည် ရှီကျင့်ဖိန် တင်ပြသော "ဖွံ့ဖြိုးရေးသည် ပြဿနာ အားလုံး ဖြေရှင်းရန် သော့ချက် ဖြစ်သည်" ဟူသော အမြင်ကိုလည်း သဘောတူ ချီးကျူး ခဲ့ပါသည်။

   Webradio