• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

"တရုတ်-ရှီကျင့်ဖိန်ကာလ" မှတ်တမ်းတင်ကား စတင်ထုတ်လွှင့်

(GMT+08:00) 2017-10-18 14:54:53

အမေရိကန် Discovery Channel ရိုက်ကူထားသော "တရုတ်-ရှီကျင့်ဖိန်ကာလ"  (China:Time of Xi)တီဗီမှတ်တမ်းတင်ကားကို ယခုလ ၁၆ရက်နေ့ညက ထုတ်လွှင့်ပြီးစီး ခဲ့ကြောင်း၊ ယင်းသည် နိုင်ငံတကာ အဓိက မီဒီယာမှ တရုတ် ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်၏ နိုင်ငံရေးနှင့် စီမံအုပ်ချုပ်ရေး ဆိုင်ရာ အတွေးအခေါ်ကို ဘက်စုံ ရှင်းလင်းဖော်ပြသည့် အစီအစဉ် အဖြစ် ပထမဆုံး အကြိမ် ထုတ်လွှင့်ခြင်း ဖြစ်ကြောင်း၊ ၄င်းတီဗီမှတ်တမ်းတင်ကားသည် ၃ပိုင်းပါဝင်ကြောင်း၊ စင်ကာပူ ပရိသတ်များသည် ၄င်းမှတ် တမ်းတင်ကား အပေါ် လှိုက်လှဲစွာ တုံ့ပြန်ကြကြောင်း စီအာအိုင် သတင်းအရ သိရသည်။

စင်ကာပူ နန်ယန် နည်းပညာ တက္ကသိုလ် ရာဂျာရတ်နမ် နိုင်ငံတကာရေးရာ သုတေသန ဌာန သုတေသီ၊ ဒေါက်တာ ဟူယီစန်းက ၄င်းမှတ်တမ်းတင်ကား အာရုံစိုက်မှု များစွာ ရရှိခြင်းသည် လွန်ခဲ့သည့် ၅နှစ် အတွင်း တရုတ်ပြည် ရရှိခဲ့သော ဖွံ့ဖြိုးတိုးတက်မှု များနှင့် ခွဲမရကြောင်း၊ မှတ်တမ်းတင်ကားတွင် ပြည်သူများ၏ အသွားအလာ အဆင်ပြေ စေရန် ကျည်ဆန်ရထားလမ်း ဖောက်လုပ်ခြင်း၊ အွန်လိုင်း ကုန်သွယ်မှု ပမာဏ ကမ္ဘာပေါ်တွင် အများဆုံးရှိခြင်း၊ စွမ်းအင်သစ်နှင့် ပြန်ပြည့်မြဲ စွမ်းအင်များ အသုံးပြုခြင်းတွင် ကမ္ဘာ ရှေ့တန်းနေရာ၌ ရှိခြင်း အပါအဝင် တရုတ်ပြည်၏ အောင်မြင်မှုများ ဖော်ပြကြောင်း ပြောကြားသည်။

"တရုတ်-ရှီကျင့်ဖိန်ကာလ"မှတ်တမ်းတင်ကားကို ယခုလ ၁၄ရက်နေ့က Discovery Channel အာရှနှင့် ပစိဖိတ် TV Networkတွင် ၃ရက်ဆက်တိုက် ပထမဆုံး အကြိမ် ထုတ်လွှင့်ခဲ့ခြင်းဖြစ်ပြီး ဂျပန်၊ တောင်ကိုးရီးယား၊ သြစတြေးလျ၊ နယူးဇီလန်၊ အိန္ဒိယ၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ အပါအဝင် နိုင်ငံနှင့် ဒေသ ၃၇ခုမှ ပရိသတ် အိမ်ထောင်စု သန်း၂၀၀ကျော် ဖမ်းယူကြည့်ရှုနိုင်ကြောင်း၊ ၄င်းမှတ်တမ်းတင်ကားကို ယခုလ ၂၈ရက်နေ့မှ နိုဝင်ဘာလ ၁၁ရက်နေ့အထိ နောက်တစ်ကြိမ် ထုတ်လွှင့်မည် ဖြစ်ကြောင်း သိရသည်။

 

   Webradio