• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နိုင်ငံတကာ ရေးရာများတွင် တရုတ်ပြည်က ပိုမိုအရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန် မလေးရှား လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဆို

(GMT+08:00) 2017-10-18 14:43:14

    ၁၉ကြိမ်မြောက် တရုတ် ကွန်မြူနစ် ပါတီ ပြည်လုံးဆိုင်ရာ အထွေထွေ ညီလာခံကို ယခုလ ၁၈ရက်နေ့က ပီကင်းတွင် ဖွင့်လှစ်လိုက်သည်။ မလေးရှား လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး၊ အာဏာရ ပါတီများ ညွန့်ပေါင်းအဖွဲ့မှ MCA ဥက္ကဋ္ဌ Liow Tiongက တရုတ်ပြည် ဆင်ဟွာ သတင်းဌာနမှ သတင်းထောက်နှင့် တွေ့ဆုံရာ ပြီးခဲ့သည့် ၅နှစ် အတွင်း တရုတ် ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုဖြင့် တရုတ် အစိုးရသည် ထူးကဲကောင်းမွန်သော အောင်မြင် မှုများရရှိခဲ့ကြောင်း၊ အထူးသဖြင့် Belt and Road အဆိုပြုချက်သည် တစ်ကမ္ဘာလုံး အတွက် အခြေအနေသစ် ဖန်တီးပေးနေကြောင်း၊ မလေးရှား နိုင်ငံသည် ၄င်းအဆိုပြုချက် အပေါ် အစောဆုံး တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သည့် နိုင်ငံတစ်နိုင်ငံ အနေနှင့် အောင်မြင်မှုများ စောလျင်စွာ ရရှိခဲ့ကြောင်း၊ နိုင်ငံတကာ ရေးရာများတွင် တရုတ်ပြည်က ပိုမိုအရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန် မလေးရှားက မျှော်လင့်ကြောင်း ပြောကြားသည်။

 

   Webradio