• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လူသားအတွက် အကျိုးပြုစွမ်းဆောင်ခြင်းသည် တရုတ်ကွန်မြူနစ်ပါတီဝင်များ၏ တာဝန်ဝတ္တရား ဖြစ်သည်ဟု ရှီကျင့်ဖိန် ဆို

(GMT+08:00) 2017-10-18 14:23:29

ယခုလ ၁၈ ရက်နေ့က ကျင်းပသော တရုတ်ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံတွင် ရှီကျင့်ဖိန်က၊ လူသားအတွက် ပိုမို အကျိုးပြု စွမ်းဆောင်ခြင်းသည် အမြဲပင် တရုတ်ကွန်မြူနစ်ပါတီဝင်များ၏ တာဝန် ဝတ္တရား ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

လက်ရှိ ကမ္ဘာ့ အခြေအနေကို သုံးသပ် ပြောဆိုရာတွင် ရှီကျင့်ဖိန်က၊ နိုင်ငံအသီးသီးမှ ပြည်သူများ အနေနှင့် လူသား ကံကြမ္မာ အသိုက်အဝန်းကို တက်ညီလက်ညီ ထူထောင်ပြီး၊ ရေရှည်ပြီး လုံခြုံသော စည်ပင်သာယာပြီး သက်ညှာထောက်ထားသော ကမ္ဘာကြီးကို ထူထောင်ကြရန် မိမိ ပန်ကြားလိုကြောင်း ပြောကြားပါသည်။

ရှီကျင့်ဖိန်က၊ တရုတ်နိုင်ငံသည် လွတ်လပ်ပြီး ငြိမ်းချမ်းသော နိုင်ငံခြားရေး မူဝါဒကို ကျင့်သုံးနေကြောင်း၊ နိုင်ငံတကာ မိတ်ဖက် ဆက်ဆံမှု တိုးတက်အောင် တက်ကြွစွာ ဆောင်ရွက်နေကြောင်း ပြောကြားပါသည်။

   Webradio