• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် တရုတ်ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် ညီလာခံတွင် အစီရင်ခံစာ တင်ပြ၊ တရုတ် ထူးခြားချက်ဝိသေသပါ ဆိုရှယ်လစ်သည် ခေတ်သစ် ဝင်ရောက်

(GMT+08:00) 2017-10-18 13:45:07
တရုတ်ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံကို ယခုလ ၁၈ ရက်နေ့က ပီကင်း၌ ဖွင့်လှစ်ခဲ့ပြီး ရှီကျင့်ဖိန်သည် တရုတ် ကွန်မြူနစ်ပါတီ ၁၈ ကြိမ်မြောက် ဗဟိုကော်မတီ ကိုယ်စား အစီရင်ခံစာကို တင်ပြခဲ့ပါသည်။
ရှီကျင့်ဖိန်က၊ တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ်သည် ခေတ်သစ်သို့ ဝင်ရောက်ပြီ ဖြစ်ပြီး ယင်းသည် တရုတ်ပြည် ဖွံ့ဖြိုးရေးဆိုင်ရာ သမိုင်း အဆင့်နေရာသစ် ဖြစ်ကြောင်း ပြောကြားပါသည်။
ယခုအကြိမ် ညီလာခံ၏ ဆောင်ပုဒ်သည် ကနဦးစိတ် မမေ့ဘဲ တာဝန် ဝတ္တရားကို စွဲမြဲစွာ မှတ်ထားခြင်း၊ တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ် ကြီးမြတ်သော အလံကို ကိုင်ဆောင်၍ အသင့်အတင့် ချမ်းသာသော လူ့ဘောင်အဖွဲ့အစည်း နေထိုင်မှုဘဝကို ဘက်စုံ တည်ထောင်ကာ၊ ခေတ်သစ်တွင် တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ် အောင်ပွဲ ရရှိအောင် ဆောင်ရွက်ခြင်း၊ တရုတ် အမျိုးသား၏ မွန်မြတ်သော ရှင်သန်ရေး အိပ်မက် အကောင်အထည် ဖေါ်ဆောင်ရန် အတွက် မလျှော့သော ဇွဲဖြင့် ကြိုးပမ်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရပါသည်။

အစီရင်ခံစာကို တင်ပြရာတွင် ရှီကျင့်ဖိန်က၊ လွန်ခဲ့သည့် ငါးနှစ်အတွင်း တရုတ်ကွန်မြူနစ်ပါတီသည် ဖွံ့ဖြိုးရေး အတွေးအခေါ်သစ်ကို စွဲကိုင်ပြီး ဖွံ့ဖြိုးမှု အသွင်ပုံစံကို ပြုပြင်ပြောင်းလဲကာ စီးပွါးရေးတွင် အရေးကြီး တိုးတက်အောင်မြင်မှုများကို ရရှိခဲ့ကြောင်း၊ ဂျီဒီပီ စုစုပေါင်း ပမာဏမှာ ယွမ် ဘီလီယံ ၈ သောင်းကျော် အထိ တိုးလာပြီး ကမ္ဘာ့ စီးပွါးရေး တိုးတက်မှုအပေါ် အကျိုးပြု စွမ်းဆောင်နှုန်းမှာ ၃၀ ရာခိုင်နှုန်းကျော် ရှိပြီ ဖြစ်ကြောင်း၊ တရုတ်ပြည်၏ နိုင်ငံခြား ကုန်သွယ်မှု၊ နိုင်ငံခြား၌ ရင်းနှီးမြှုပ်နှံမှုနှင့် အရန် နိုင်ငံခြားငွေ ပဏာမမှာ ကမ္ဘာ့ ရှေ့ပြေး နေရာ၌ တည်ငြိမ်စွာ တည်ရှိနေကြောင်း ပြောကြားပါသည်။
ရှီကျင့်ဖိန်က၊ တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ် ခေတ်သစ်သည် သမိုင်း အခြေအနေသစ်တွင် တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော ကြီးမြတ်သော ဆိုရှယ်လစ် အောင်ပွဲ ရရှိရေးဆိုင်ရာ ခေတ်သစ် ဖြစ်ပြီး၊ အသင့်အတင့် ချမ်းသာသော လူ့ဘောင်အဖွဲ့အစည်း ဘက်စုံ ထူထောင်ရန်နှင့် ဆိုရှယ်လစ် ခေတ်မီရေး အင်အားကြီး နိုင်ငံ ဘက်စုံ ထူထောင်ရန် အောင်ပွဲ ရရှိရေး ခေတ်သစ်လည်း ဖြစ်ကြောင်း၊ တရုတ် အမျိုးသား ကြီးမြတ်သော ပြန်လည် ရှင်သန်ရေး အိပ်မက် အကောင်အထည် ဖေါ်ဆောင်ရန် ခေတ်သစ်လည်း ဖြစ်ကြောင်း ပြောကြားပါသည်။
ရှီကျင့်ဖိန်က၊ တရုတ်ပြည် တစ်ပြည်တည်းသာ ရှိရေး မူသည် ထိုင်ဝမ် ရေလက်ကြား နှစ်ဖက်ကမ်း ဆက်ဆံမှု၏ နိုင်ငံရေး အခြေခံ ဖြစ်ပြီး တရုတ်ပြည် တစ်ပြည်တည်းသာ ရှိရေးမူကို ဖေါ်ပြသည့် ၁၉၉၂ ခုနှစ် သဘောတူညီမှုသည် ရေလက်ကြား နှစ်ဖက်ကမ်း ဆက်ဆံမှု ငြိမ်းချမ်းစွာ တိုးတက်မှုကို အာမခံပေးရန် သော့ချက်ပင် ဖြစ်ကြောင်း၊ ၁၉၉၂ ခုနှစ် သဘောတူညီမှု ဖြစ်သည့် သမိုင်း အဖြစ်မှန်ကို အသိအမှတ် ပြု မှသာ နှစ်ဖက်ကမ်းသည် ဆွေးနွေးပွဲ ပြုလုပ်နိုင်မည် ဖြစ်ကြောင်း၊ တရုတ် ပြည်မကြီးသည် မည်သည့်အသွင်မဆို ဖြစ်သည့် ထိုင်ဝမ် သီးခြားတည်ရှိရေး ကြံဆချက် ရှုံးနိမ့်အောင် လုပ်ဆောင်နိုင်စွမ်း ပြည့်ပြည့်ဝဝ ရှိပါကြောင်း ပြောကြားပါသည်။
ရှီကျင့်ဖိန်က၊ တရုတ်ကွန်မြူနစ်ပါတီသည် လာတ်ပေး လာတ်ယူမှုကို တပြိုင်တည်း စုံစမ်းစစ်ဆေးရမည် ဖြစ်ပြီး အဂတိ လိုက်စားမှုကို ဘက်ပေါင်းစုံ တိုက်ဖျက်ရမည် ဖြစ်ကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတော် ဥပဒေပြုရေးလုပ်ငန်းကို တွန်းအားပေးရမည် ဖြစ်ပြီး စည်းမျဉ်း စည်းကမ်း ကြီးကြပ်ရေး တိုင်ကြားရေး ပလက်ဖေါင်းကို ဘက်စုံ တည်ဆောက်ရမည် ဖြစ်ကြောင်း ပြောကြား ပါသည်။
   Webradio