• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်သည် ဘယ်တော့မှ ဗိုလ်ကျမှုပြုမည် မဟုတ်သလို ချဲ့ထွင်မှု ပြုမည်လည်း မဟုတ်

(GMT+08:00) 2017-10-18 12:49:51

    ညီလာခံတွင် အစီရင်ခံစာ တင်သွင်းရာ ရှီကျင့်ဖိန်က ကာလသစ်တွင် ဝင်ရောက်နေသည့် တရုတ်ပြည်သည် ကိုယ့်အားကိုယ်ကိုးပြီး ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိသော ငြိမ်းချမ်းသည့် နိုင်ငံခြားရေး မူဝါဒကို စွဲကိုင်ပြီး နိုင်ငံ အသီးသီးမှ ပြည်သူများ၏ ဖွံ့ဖြိုးရေး လမ်းကြောင်း ကိုယ်ပိုင်ရွေးချယ်ခွင့်ကို လေးစားကာ နိုင်ငံတကာ တရားမျှတမှုကို ထိန်းသိမ်းကာကွယ်ကြောင်း၊ တရုတ်ပြည် အနေနှင့် ကိုယ့်ဆန္ဒကို အခြားနိုင်ငံများအား  အတင်းအကျပ်ပေးမည် မဟုတ်ကြောင်း၊ အခြား နိုင်ငံများ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းကိုရော၊ အင်အားကြီး နိုင်ငံက အားနည်းသည့် နိုင်ငံအား စော်ကားခြင်းကိုပါ ဆန့်ကျင်ကြောင်းလည်း ဖော်ပြသည်။

တရုတ်ပြည် အနေနှင့် အခြား နိုင်ငံ၏ အကျိုးစီးပွား ဆုံရှုံးခြင်းဖြင့် မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် ဘယ်တော့မှ ပြုမည် မဟုတ်သလို ကိုယ့်နိုင်ငံ၏ တရားမှန်ကန်သော အခွင့်အရေးကို လက်လွှတ်မည်လည်း မဟုတ်ကြောင်း၊ တရုတ်ပြည် အနေနှင့် ကာကွယ်ရေးကို ရည်ရွယ်ထားသည့် ကာကွယ်ရေး မူဝါဒကို ကျင့်သုံးကြောင်း၊ တရုတ်ပြည် အနေနှင့် ဘယ်တော့မှ ဗိုလ်ကျမှုပြုမည် မဟုတ်သလို ချဲ့ထွင်မှု ပြုမည်လည်း မဟုတ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။

   Webradio