• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်သည် သဘာဝ ပတ်ဝန်းကျင် တည်ဆောက်ရေး စနစ် ပြုပြင်ပြောင်းလဲမှုနှင့် သာယာလှပသော တရုတ်ပြည် တည်ဆောက်ရေးကို အရှိန်မြှင့်ဆောင်ရွက်မည်

(GMT+08:00) 2017-10-18 12:12:09

ညီလာခံတွင် အစီရင်ခံစာ တင်သွင်းရာ ရှီကျင့်ဖိန်က တရုတ်ပြည်သည် ညစ်ညမ်းမှု မရှိဘဲ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်မှု ရှိသော ကုန်ထုတ်လုပ်မှုနှင့် စားသုံးမှု ဆိုင်ရာ ဥပဒေ စနစ်နှင့် မူဝါဒများကို အရှိန်မြှင့် တည်ဆောက်မည် ဖြစ်ပြီး ကာဗွန်ဓါတ်ငွေ့ ထုတ်လွှတ်မှု နည်းပါးပြီး ဆက်တိုက် ဖွံ့ဖြိုးတိုးတက်နိုင်သည့် စီးပွားရေး စနစ်ကို ကောင်းမွန်ပြည့်စုံအောင် တည်ဆောက်မည် ဖြစ်ကြောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်မှု ရှိသော ငွေကြေးလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ လေထု၊ ရေနှင့် မြေဆီလွှာ ညစ်ညမ်းမှုများ ကြိုတင်ကာကွယ်ရေးနှင့် ပြုပြင်ရေး လုပ်ငန်းကို အားဖြည့်ဆောင်ရွက်မည် ဖြစ်ပြီး ညစ်ညမ်းမှု ထုတ်လွှတ်ခြင်း စံချိန်စံညွှန်းကို တိုးမြှင့်မည် ဖြစ်ကာ ကမ္ဘာ့ သဘာဝ ပတ်ဝန်းကျင် စီမံခန့်ခွဲရေးနှင့် ပြုပြင်ရေးတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ပြီး အဓိက ကြုံတွေ့ရသည့် သဘာဝ ပတ်ဝန်းကျင် ပြဿနာများကို အလေးထား ကိုင်တွယ်ဖြေရှင်းမည် ဖြစ်ကြောင်း၊ အရေးကြီးသည့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့် ပြုပြင်ရေး လုပ်ငန်းများကို ဆောင်ရွက်မည် ဖြစ်ကြောင်း၊ နိုင်ငံတော်ပိုင် သဘာဝ သယံဇာတနှင့် ဥစ္စာပစ္စည်း စီမံခန့်ခွဲရေးနှင့် သဘာဝ ပတ်ဝန်းကျင် ကြီးကြပ်ရေး လုပ်ငန်းဌာနကို တည်ထောင်မည် ဖြစ်ကြောင်း၊ နယ်မြေ ဖွံ့ဖြိုးရေးနှင့် ထိန်းသိမ်းကာကွယ်ရေးစနစ်ကို တည်ဆောက်မည် ဖြစ်ပြီး သဘာဝ ထိန်းသိမ်းကာကွယ် ရေးဇုန်နယ် စနစ်ကို တည်ဆောက်မည် ဖြစ်ကြောင်း၊ ၂၀၃၅ခုနှစ်ရောက်လျှင် တရုတ်ပြည် ၏သဘာဝ ပတ်ဝန်းကျင်သည် အရင်းခံမှနေ ကောင်းမွန်လာပြီး သာယာလှပသော တရုတ်ပြည် ရည်မှန်းချက်ကို အခြေခံ အားဖြင့် အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ဖော်ပြသည်။

   Webradio