• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   Monday  Jun 30th   2025   

တရုတ် ထူးခြားချက်ဝိသေသပါရှိသော ဆိုရှယ်လစ်ခေတ်သစ် အတွေးအခေါ် ထုတ်ပြန်

(GMT+08:00) 2017-10-18 12:08:50

ရှီကျင့်ဖိန်က၊ တရုတ်ထူးခြားချက်ဝိသေသ ပါရှိသော ဆိုရှယ်လစ်ခေတ်သစ် အတွေးအခေါ်သည် တရုတ်ကွန်မြူနစ်ပါတီနှင့် ပြည်သူများ၏ တရုတ်အမျိုးသား မွန်မြတ်သော ပြန်လည်ရှင်သန်မှု အိပ်မက် အကောင်အထည် ဖေါ်ဆောင်ရေး ဆိုင်ရာ လမ်းညွှန်ချက် ဖြစ်ပြီး ရေရှည်စွဲကိုင်၍ ဆက်တိုက် တွန်းအားပေးရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ရှီကျင့်ဖိန်က၊ ယင်းအတွေးအခေါ်အရ တရုတ် နိုင်ငံသည် ၂၀၂၀ ပြည့်နှစ်တွင် အသင့်အတင့် ချမ်းသာသော လူ့ဘောင်အဖွဲ့အစည်း နေထိုင်မှုဘဝ ထူထောင်ရေး အခြေခံ ပေါ်တွင် ယခု ရာစုနှစ် အလယ်ပိုင်း ကာလ၌ တရုတ်နိုင်ငံကို ချမ်းသာပြီး ဒီမိုကရေစီ ကျသည့် ယဉ်ကျေးပြီး သင့်မြတ်သော ဆိုရှယ်လစ် ခေတ်မီ နိုင်ငံကြီးဖြစ်အောင် ထူထောင်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

no comments !
   Webradio