• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ကွန်မြူနစ်ပါတီသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လက်တွေ့ ကျင့်သုံးဖော်ဆောင်ရေး နှင့်ကြီးကြပ်ရေးကို အားဖြည့် ဆောင်ရွက်

(GMT+08:00) 2017-10-18 11:25:07

    ညီလာခံ အစီရင်ခံစာတွင် တရုတ် ကွန်မြူနစ်ပါတီသည် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီမှ တရားဥပဒေနှင့် အညီ နိုင်ငံတော် ဘက်စုံ စီမံအုပ်ချုပ်ရေး ဦးဆောင်အဖွဲ့ကို တည်ထောင်မည် ဖြစ်ပြီး တရားဥပဒေနှင့် အညီ စီမံအုပ်ချုပ်ရေး ရှိသော တရုတ်ပြည် တည်ဆောက်ရေး အပေါ် ဦးဆောင်မှု ညီညွတ်စေရေးကို အားဖြည့် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လက်တွေ့ ကျင့်သုံးဖော်ဆောင်ရေး နှင့်ကြီးကြပ်ရေးကို အားဖြည့် ဆောင်ရွက်ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ အနှစ်သာရနှင့် ကိုက်ညီခြင်း စစ်ဆေးရေး လုပ်ငန်းကို တွန်းအားပေးကာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ ဥပဒေ ဆိုင်ရာ သြဇာကို ထိန်းသိမ်းကာကွယ်မည် ဖြစ်ကြောင်း၊ ပါတီအဖွဲ့ အဆင့်ဆင့်နှင့် ပါတီဝင် အားလုံးသည် တရားဥပဒေများကို လေးစား၊ လေ့လာ၊ လိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မည်သည့် အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်မျှ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အခြား တရားဥပဒေများကို ကျော်လွန်သည့် အထူးအခွင့် မရှိကြောင်း ဖော်ပြသည်။

   Webradio