• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် တံခါးဖွင့်ရေးကို တိုးချဲ့မည်

(GMT+08:00) 2017-10-18 11:08:27

ရှီကျင့်ဖိန်က၊ Belt and Road တည်ဆောက်ရေးကို အဓိကအဖြစ် ထားပြီး အတူ တိုင်ပင်ဆွေးနွေးရေး၊ အတူ တည်ဆောက်ရေးနှင့် အတူ မျှဝေ ခံစားရေးမူအတိုင်း ဆန်းသစ်စွမ်းအား တံခါးဖွင့်ရေး ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ရမည် ဖြစ်ကြောင်း၊ ကုန်သွယ်မှု နိုင်ငံကြီး ထူထောင်ရေးကို တွန်းအားပေးရမည် ဖြစ်ကြောင်း၊ အဆင့် မြင့်မားသော ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လွတ်လပ်ရေးနှင့် အဆင်ပြေရေး မူဝါဒကို ကျင့်သုံးရမည်ဖြစ်ကြောင်း၊ ဈေးကွက် ဝင်ခွင့်စနစ် ပိုမို ချောင်လည်အောင် ဆောင်ရွက် ရမည် ဖြစ်ကြောင်း၊ ဝန်ဆောင်မှုလုပ်ငန်း တံခါးဖွင့်ရေးကို တိုးချဲ့ရမည် ဖြစ်ပြီး နိုင်ငံခြား လုပ်ငန်းရှင်များရင်းနှီးမြှုပ်နှံရေး အခွင့်အလမ်းနှင့် အကျိုးစီးပွါးကို ထိန်းသိမ်း ကာကွယ် ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ ကုန်ထုတ်စွမ်းအား ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio