• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် ကျေးလက် ရှင်သန်ရေး ဗျူဟာကို ကျင့်သုံးမည်

(GMT+08:00) 2017-10-18 10:55:39

ရှီကျင့်ဖိန်သည် တရုတ် ကျေးလက် ရှင်သန်ရေး မဟာဗျူဟာကို ပထမဆုံးအကြိမ် အဖြစ် တင်ပြပါသည်။ ရှီကျင့်ဖိန်က၊ ယင်း မဟာဗျူဟာတွင် ကျေးလက်နှင့် တောရွာ ပေါင်းစပ် ဖွံ့ဖြိုးရေးစနစ်နှင့် မူဝါဒများပါဝင်ကြောင်း၊ ကျေးလက်နှင့် လယ်ယာစိုက်ပျိုးရေး ခေတ်မီရေးကို တွန်းအားပေးမည် ဖြစ်ကြောင်း၊ လယ်သမားများ၏ ဓနဥစ္စာဆိုင်ရာ အကျိုးစီးပွါးနှင့် အခွင့်အရေးများကို အာမခံပေးရမည် ဖြစ်ကြောင်း၊ စုပေါင်း စီးပွါးရေး ရှင်သန် ဖွံ့ဖြိုးလာအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ခေတ်မီ လယ်ယာစိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်မှုစနစ်၊ ကူးသန်းရောင်းဝယ်ရေးစနစ် များကို ဖွဲ့စည်တည်ထောင်ရမည် ဖြစ်ကြောင်း၊ လယ်ယာစိုက်ပျိုးရေး ကာကွယ်မှုစနစ် ပိုမို ပြည့်စုံ ကောင်းမွန်လာအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio