• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ဆိုရှယ်လစ် ခေတ်မီရေး နိုင်ငံ တည်ဆောက်ရေး အချိန်ဇယားရှိ

(GMT+08:00) 2017-10-18 10:55:19

ယခုအကြိမ် ညီလာခံတွင် အစီရင်ခံစာ တင်သွင်းရာ ရှီကျင့်ဖိန်က တရုတ်ပြည်သည် ၂၀၂၀ပြည့်နှစ်တွင် အတော်အတန် ချမ်းသာသည့် လူ့ဘောင်အဖွဲ့အစည်း ဘက်စုံတည် ဆောက်ပြီးစီးမည့် အခြေခံပေါ်၌ ၂၁ရာစုနှစ် အလယ်ပိုင်းတွင် ဆိုရှယ်လစ် ခေတ်မီရေး နိုင်ငံ တည်ဆောက်ပြီးစီးရန် ရည်ရွယ်ထားကြောင်း ဖော်ပြသည်။

၎င်းအစီရင်ခံစာတွင် ၂၀၃၅ခုနှစ် ရောက်လျှင် တရုတ်ပြည်သည် ဆိုရှယ်လစ် ခေတ်မီရေးကို အခြေခံအားဖြင့် အကောင်အထည်ဖော်မည် ဖြစ်ကြောင်း၊ နိုင်ငံတော် စီးပွားရေးနှင့် သိပ္ပံနည်းပညာ အင်အားလည်း များစွာ တိုးမြင့်ပြီး ယဉ်ကျေးမှုဆိုင်ရာ ဆော့ဗ် အင်အားသည်လည်း သိသာထင်ရှားစွာ တိုးမြင့်လာမည် ဖြစ်ကြောင်း၊ တရားဥပဒေနှင့် အညီ နိုင်ငံတော် ဘက်စုံစီမံအုပ်ချုပ်ရေး ရှိသော နိုင်ငံ၊ အစိုးရနှင့် လူ့ဘောင်အဖွဲ့အစည်းကို အခြေခံ အားဖြင့် တည်ဆောက်ပြီးစီးမည် ဖြစ်ပြီး နိုင်ငံတော် စီမံခန့်ခွဲရေး စနစ်နှင့် စီမံခန့်ခွဲနိုင်စွမ်း ခေတ်မီရေးကိုလည်း အခြေခံ အားဖြင့် အကောင်အထည်ဖော်ဆောင်သွား မည်ဖြစ်ကြောင်း၊ ပြည်သူများ၏ နေထိုင်မှုဘဝ ပိုမိုချမ်းသာလာပြီး ဝင်ငွေ အသင့်အတင့် ရရှိသူ ဦးရေ၏ အချိုးအစား သိသာထင်ရှားစွာ တိုးပွားလာကာ မြို့ပြနှင့် ကျေးလက်ဒေသ အကြားရှိ ကွာဟမှုနှင့် ပြည်သူများ၏ နေထိုင်မှု အရည်အသွေး ဆိုင်ရာ ကွာဟမှုသည် သိသာထင်ရှားစွာ ကျဉ်းမြောင်းလာမည် ဖြစ်ကြောင်း၊ အခြေခံ အများပြည်သူ ဝန်ဆောင်မှု ညီမျှစေရေးကို အခြေခံ အားဖြင့် အကောင်အထည်ဖော်ပြီး သဘာဝ ပတ်ဝန်းကျင်သည် အရင်းခံမှနေ ကောင်းမွန်လာကာ သာယာလှပသော တရုတ်ပြည် ဟူသော ရည်မှန်းချက်ကို အခြေခံ အားဖြင့် အကောင်အထည်ဖော်ဆောင်သွားမည် ဖြစ်ကြောင်း ရေးသား ဖော်ပြသည်။

   Webradio