• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၉ကြိမ်မြောက် တရုတ် ကွန်မြူနစ် ပါတီ ပြည်လုံးဆိုင်ရာ အထွေထွေ ညီလာခံ ဖွင့်လှစ်၊ ရှီကျင့်ဖိန်သည် နိုင်ငံရေး အစီရင်ခံစာ တင်သွင်း

(GMT+08:00) 2017-10-18 09:20:35

    ၁၉ကြိမ်မြောက် တရုတ် ကွန်မြူနစ် ပါတီ ပြည်လုံးဆိုင်ရာ အထွေထွေ ညီလာခံကို ယနေ့ ၁၈ရက်နေ့က ပီကင်းတွင် ဖွင့်လှစ်လိုက်ကြောင်း၊ ရှီကျင့်ဖိန်သည် ၁၈ကြိမ်မြောက် တရုတ် ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ၏ ကိုယ်စား ညီလာခံတွင် အစီရင်ခံစာ တင်သွင်းရာ အနာဂတ် တရုတ်ပြည်၏ ဖွံ့ဖြိုးတိုးတက်ရေး အတွက် စီမံကိန်းကို ချမှတ်သည်။

    တရုတ် ကွန်မြူနစ်ပါတီဝင် စုစုပေါင်း ၈၉သန်းမှ ရွေးချယ်ခဲ့သော ကိုယ်စားလှယ် ၂ထောင်ကျော်သည် ယခုအကြိမ် ညီလာခံတွင် ရှီကျင့်ဖိန် တင်သွင်းသော အစီရင်ခံစာနှင့် ပြီးခဲ့သည့် အကြိမ် ဗဟို စည်းကမ်း ထိန်းသိမ်းရေး ကော်မတီမှ လုပ်ငန်း အစီရင်ခံစာကို စစ်ဆေးမည် ဖြစ်ပြီး တရုတ် ကွန်မြူနစ်ပါတီ အခြေခံ စည်းမျဉ်းဥပဒေ ပြင်ဆင်ရေး မူကြမ်းကိုလည်း စိစစ်မည်ဖြစ်ကာ အကြိမ်သစ် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနှင့် ဗဟို စည်းကမ်း ထိန်းသိမ်းရေး ကော်မတီကို ရွေးချယ်တင်မြှောက်မည် ဖြစ်သည်။

    တရုတ် ကွန်မြူနစ် ပါတီ ပြည်လုံးဆိုင်ရာ အထွေထွေ ညီလာခံကို ၅နှစ်တစ်ကြိမ် ကျင်းပလေ့ရှိသည်။ တရုတ် ကွန်မြူနစ် ပါတီ ပြည်လုံးဆိုင်ရာ အထွေထွေ ညီလာခံနှင့် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီသည် တရုတ် ကွန်မြူနစ်ပါတီ၏ အမြင့်ဆုံး ဦးဆောင်ရေး လုပ်ငန်းဌာန ဖြစ်သည်။

   Webradio