• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   Saturday  Jul 5th   2025   

တရုတ်ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ သဘာပတိ အဖွဲ့ ပထမ အကြိမ် အစည်းအဝေး ကျင်းပ

(GMT+08:00) 2017-10-18 08:56:28

တရုတ်ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ သဘာပတိ အဖွဲ့ ပထမ အကြိမ် အစည်းအဝေးကို ယခုလ ၁၇ ရက်နေ့ ညနေပိုင်းက တရုတ် ပြည်သူ့ ခန်းမဆောင်ကြီး၌ ကျင်းပခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ရဲဘော် ရှီကျင့်ဖိန်သည် အစည်းအဝေး၌ အရေးကြီး မိန့်ခွန်း ပြောကြားခဲ့ပါသည်။ ယခုအကြိမ် အစည်းအဆဝေးတွင် ရဲဘော် ရှီကျင့်ဖိန် အပါအဝင် လူ ၄၂ ဦးဖြင့် ဖွဲ့စည်းထားသော သဘာပတိအဖွဲ့ အမြဲတမ်းကော်မတီဝင်များ အမည်စာရင်းကို အတည်ပြုခဲ့ကြောင်း သတင်းရရှိပါသည်။ အစည်းအဝေးတွင် တရုတ်ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ ကိုယ်စားလှယ်များ၏ အရည်အချင်း စိစစ်ရေး ကော်မတီ၏ ကိုယ်စားလှယ်များ အရည်အချင်း စိစစ်ရေး ဆိုင်ရာ အစီရင်ခံစာကို အတည်ပြခဲ့ကြောင်း သတင်း ရရှိပါသည်။

no comments !
   Webradio