![]() |
|
|
||||||
![]() |
![]() |
![]() |
|||||||||||||
![]() |
|||||||||||||
![]() |
|||||||||||||
|
|||||||||||||
![]() |
|||||||||||||
![]() |
၁၉ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ အထွေထွေ ညီလာခံ ပြင်ဆင်ရေး အစည်းအဝေးကို ယခုလ ၁၇ရက်နေ့ ညနေပိုင်းက ပီကင်း ပြည်သူ့ ခန်းမဆောင်ကြီးတွင် ကျင်းပခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။
ရှီကျင့်ဖိန်သည် ၄င်းအစည်းအဝေးကို ကြီးမှူးကျင်းပခဲ့ကြောင်း၊ အစည်းအဝေးတွင် တက်ရောက်သူများသည် လက်ထောင်ခြင်းဖြင့် မဲခွဲဆုံးဖြတ်ရာ၌ အဖွဲ့ဝင် ၂၄၃ဦးပါဝင်သည့် ညီလာခံ သဘာပတိအဖွဲ့ဝင် အမည်စာရင်းကို အတည်ပြု ပြဌာန်းပြီး လျူယွင်စန်းက ညီလာခံ အတွင်းရေးမှူးချုပ် အဖြစ် တာဝန် ထမ်းဆောင်ရန် အတည်ပြု ပြဌာန်းခဲ့ကြောင်းလည်း သိရသည်။