• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၉ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ အထွေထွေ ညီလာခံ ၇ရက်ကြာ ကျင်းပမည်၊ ပါတီ အခြေခံ စည်းမျဉ်းဥပဒေကို ပြင်ဆင်မည်

(GMT+08:00) 2017-10-17 19:35:47

 

၁၉ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ အထွေထွေ ညီလာခံကို ယခုလ ၁၈ရက်နေ့ နံနက် ၉နာရီတွင် ပီကင်း၌ ဖွင့်လှစ်မည် ဖြစ်ကြောင်း၊ ၁၈ရက်နေ့မှ ၂၄ရက်နေ့အထိ ၇ရက်ကြာ ကျင်းပမည် ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ယခုလ ၁၇ရက်နေ့ ညနေပိုင်းက ပီကင်း ပြည်သူ့ခန်းမဆောင်ကြီးတွင် ၁၉ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ အထွေထွေ ညီလာခံ ဆိုင်ရာ ပထမဆုံးအကြိမ် သတင်းစာ ရှင်းလင်းပွဲကို ကျင်းပရာ ညီလာခံ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ယခုအကြိမ် ညီလာခံတွင် ၁၈ကြိမ်မြောက် တရုတ် ကွန်မြူနစ် ပါတီ ဗဟို ကော်မတီမှ အစီရင်ခံစာ နာကြား စိစစ်ရန်၊ ၁၈ကြိမ်မြောက် ဗဟို စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ လုပ်ငန်းအစီရင်ခံစာ စိစစ်ရန်၊ တရုတ် ကွန်မြူနစ် ပါတီ အခြေခံ စည်းမျဉ်းဥပဒေ ပြင်ဆင်ရေး မူကြမ်း စိစစ်အတည်ပြုရန်၊ ၁၉ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ ရွေးချယ်တင်မြှောက်ရန်နှင့်  ၁၉ကြိမ်မြောက် ဗဟို စည်းကမ်းထိန်းသိမ်းရေး ကော်မတီ ရွေးချယ်တင်မြှောက်ရန် အဓိက ဆွေးနွေးရေး အစီအစဉ် ၅ခု ပါဝင်ကြောင်း ပြောကြားသည်။

   Webradio