• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နန်နင်း-ကျုံးကွမ်းဆွင်း ဆန်းသစ်တီထွင်ရေး စံနမူနာ ပြသမှု အခြေခံစခန်းမှ ကုမ္ပဏီများ အာဆီယံသို့ ဝင်ရောက်

(GMT+08:00) 2017-10-17 15:49:14

    ကျုံးကွမ်းဆွင်းသည် တရုတ် ဆန်းသစ်တီထွင်ရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် စံပြ ဖြစ်ပြီး တရုတ်ပြည်၏ ဆီလီကွန်တောင်ကြားဟု ခေါ်ဝေါ်ကြကြောင်း၊ နန်နင်း-ကျုံးကွမ်း ဆွင်းဆန်းသစ်တီထွင်ရေး စံနမူနာ ပြသမှု အခြေခံစခန်းသည် ကွမ်းရှီ နန်နင်း အဆင့်မြင့် နည်းပညာသစ် ဖွံ့ဖြိုးရေးဇုန်တွင် တည်ရှိကြောင်း၊ ၂၀၁၆ခုနှစ် ဇူလိုင်လ ၂၄ရက်နေ့က ၄င်းအခြေခံစခန်းကို ဖွင့်လှစ်ခဲ့ပြီး စမတ် ကုန်ပစ္စည်းများ ထုတ်လုပ်မှု၊ ဆက်သွယ်ရေး နည်းပညာ၊ ကျန်းမာရေးနှင့် သိပ္ပံနည်းပညာ ဝန်ဆောင်မှုကို အဓိကထား ဆောင်ရွက်နေ ကြောင်း၊ ယခုနှစ် ဧပြီလ ၂၀ရက်နေ့က တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ၄င်းအခြေခံ စခန်းသို့ သွားရောက် စစ်ဆေးကြည့်ရှုရာ အရေးကြီး ညွန်းကြာချက် ဖော်ပြခဲ့ကြောင်း၊ ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ညွှန်ကြားချက် အရ နန်နင်း-ကျုံးကွမ်းဆွင်း ဆန်းသစ်တီထွင်ရေး စံနမူနာ ပြသမှု အခြေခံစခန်းသည် ကုမ္ပဏီများ ဝင်ရောက်လုပ်ကိုင်ရန် ဆွဲဆောင်ရေး ဆောင်ရွက်ချက်များ ပြုလုပ်ခဲ့ကြောင်း၊ ၄င်းအခြေခံ စခန်းတွင်ရှိသော ကုမ္ပဏီ အချို့သည် အာဆီယံ နိုင်ငံများနှင့် အခြားဒေသများမှ နိုင်ငံများတွင် အောင်မြင်စွာ ဝင်ရောက်လုပ်ကိုင်ခဲ့ကြောင်း စီအာအိုင်က ရေးသား ဖော်ပြသည်။

 

   Webradio