• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၉ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ အထွေထွေ ညီလာခံတွင် အနာဂတ် တရုတ်ပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးကြီး စီမံကိန်း ချမှတ်မည်

(GMT+08:00) 2017-10-17 15:46:09

၁၉ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ အထွေထွေ ညီလာခံကို ယခုလ ၁၈ရက်နေ့တွင် ပီကင်း၌ ကျင်းပတော့မည်။ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပါတီကေဒါကျောင်း ပါမောက္ခ ယန်ရှူးဟန့်က ယခုအကြိမ် ညီလာခံတွင် အနာဂတ် တရုတ်ပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးကြီး စီမံကိန်း ချမှတ်မည် ဖြစ်ကြောင်း ပြောကြားသည်။

တရုတ် ကွန်မြူနစ်ပါတီ၏ ၉၆နှစ်ကြာ ဖွံ့ဖြိုးတိုးတက်ရေး သမိုင်းကြောင်းတွင် လွန်ခဲ့သည့် ပြည်လုံးဆိုင်ရာ အထွေထွေ ညီလာခံများကို အရေးကြီးသည့် သမိုင်းဝင် အချိန်၌ ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း၊ ပါမောက္ခ ယန်ရှူးဟန့်က တရုတ် ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ အထွေထွေ ညီလာခံ၏ သမိုင်းဆိုင်ရာ အခန်းကဏ္ဍသည် အတိတ်ကို ပေါင်းရုံးသုံးသပ်ခြင်းနှင့် အနာဂတ် အတွက် စီမံကိန်း ချမှတ်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

၎င်းက ၁၈ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ အထွေထွေ ညီလာခံ

ကျင်းပခဲ့သည့် နောက်ပိုင်းတွင် ရှီကျင့်ဖိန်ကို အမြုတေပြုထားသည့် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ဦးဆောင်မှုဖြင့် ပါတီနှင့် ပြည်သူများသည် တရုတ် ဝိသေသ ထူးခြားချက်ပါ ဆိုရှယ်လစ် ဖွံ့ဖြိုးတိုးတက်ရေး အဆင့်ကာလသစ် ဖန်တီးရာ၌ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ဆိုင်ရာ ခံယူချက်သစ်၊ အတွေးအခေါ်သစ်နှင့် မဟာဗျူဟာသစ်များ ရှာကြံ ရရှိခဲ့ကြောင်း ပြောကြားသည်။

    ယခု တရုတ်ပြည်သည် အရေးကြီးသည့် အချိန်ကာလတွင် ရှိနေကြောင်း၊ ၂၀၂၀ပြည့် နှစ်တွင် တရုတ်ပြည် အတော်အတန် ချမ်းသာသည့် လူ့ဘောင်အဖွဲ့အစည်း ဘက်စုံတည် ဆောက်ပြီးစီးမည် ဖြစ်ကြောင်း၊ ယခုအကြိမ် ညီလာခံတွင် အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးကြီး စီမံကိန်းများ ချမှတ်မည် ဖြစ်ကြောင်း ပြောကြားသည်။

   Webradio