![]() |
|
|
||||||
![]() |
![]() |
![]() |
|||||||||||||
![]() |
|||||||||||||
![]() |
|||||||||||||
|
|||||||||||||
![]() |
|||||||||||||
![]() |
၁၉ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ အထွေထွေ ညီလာခံနှင့် ပတ်သက်၍ ပြည်ပ ပုဂ္ဂိုလ်များ ပြောကြား
၁၉ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ အထွေထွေ ညီလာခံကို ယခုလ ၁၈ရက်နေ့တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း၊ တစ်ကမ္ဘာလုံးသည် ယင်း၅နှစ်တစ်ကြိမ် ကျင်းပလေ့ရှိသော ညီလာခံ အပေါ် အာရုံစိုက်နေကြကြောင်း၊ ပြည်ပမှ တရုတ်ရေးရာ ပညာရှင်များက ယခုအကြိမ် ညီလာခံသည် အရေးကြီးသည့် အနက်အဓိပ္ပါယ် ရှိပြီး တရုတ် ကွန်မြူနစ်ပါတီ၏ စီမံအုပ်ချုပ်ရေး ခံယူချက်၊ လမ်းစဉ်နှင့် မူဝါဒများကို သိရှိနားလည်သူ ပိုမိုများပြားလာစေကာ တရုတ် အတွေ့အကြုံများ နည်းယူလေ့လာရန် အရေးကြီး အခွင့်ကောင်း တစ်ခုလည်း ဖြစ်ကြောင်း ပြောကြားသည်။
ပြင်သစ် နိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကော်မတီ ဥက္ကဋ္ဌ Laurent Fabiusက တစ်ကမ္ဘာလုံးသည် ၁၉ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ အထွေထွေ ညီလာခံ အပေါ် အာရုံစိုက်နေကြကြောင်း၊ ကမ္ဘာပေါ်တွင် ဘက်ပေါင်းစုံ ပါဝင်ဆောင်ရွက် ရေးစနစ် ထိန်းသိမ်းထားခြင်းနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေး အတွက် တရုတ်ပြည် အနေနှင့် အကျိုးပြု စွမ်းဆောင်မှု ဆက်လက်ပြုရန် မျှော်လင့်ကြောင်း ပြောကြားသည်။
အမေရိကန် Brookings ပညာရှင်များအဖွဲ့ ဂျောင်း သွန်တွန် တရုတ်ရေးရာ စင်တာနှင့် ကမ္ဘာ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်မှ ဝါရင့်သုတေသီ David Dollarက ၁၉ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ အထွေထွေ ညီလာခံသည် တရုတ်ပြည်နှင့် ကွန်မြူနစ်ပါတီ သမိုင်းကြောင်းတွင် အရေးကြီးသည့် ကိစ္စတစ်ခု ဖြစ်ပြီး အမေရိကန်-တရုတ် ဆက်ဆံမှု အပေါ် အရေးကြီးသည့် သြဇာသက်ရောက်မှု ရှိမည် ဖြစ်ကြောင်း၊ ယခုအကြိမ် ညီလာခံ အပြီး တရုတ် စီးပွားရေး စနစ် ပြုပြင်ပြောင်းလဲမှုသည် တွန်းအားပေးမှုသစ်များ ရရှိရန် မျှော်လင့်ကြောင်း၊ ယင်းသည် တရုတ်ပြည်သူများ အတွက် ချမ်းမြေ့သာယာမှု ဖန်တီးပေးမည့် အပြင်၊ အမေရိကန် ကုမ္ပဏီများ အတွက် အခွင့်အလမ်း သစ်များ ဆောင်ကြဉ်းလာမည် ဖြစ်ကြောင်းလည်း ပြောကြားသည်။
ပါကစ္စတန် နိုင်ငံ တရုတ် ရေးရာ သုတေသန စင်တာ အမှုဆောင် ဒါရိုက်တာ FiJJar Rahmanက ၁၉ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ အထွေထွေ ညီလာခံသည် တရုတ်ပြည်တွင် အရေးအကြီးဆုံး နိုင်ငံရေး ကိစ္စ တစ်ခု ဖြစ်ပြီး တရုတ်ပြည်၏ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် သော့ချက်ကျကြောင်း၊ ယခုအကြိမ် ညီလာခံသည် တရုတ် ကွန်မြူနစ်ပါတီ၏ အာဏာကျင့်သုံး နိုင်စွမ်းနှင့် ဦးဆောင်မှု အရည်အချင်းကို တလျှောက်လုံး ပြသမည် ဖြစ်ကြောင်း ပြောကြားသည်။
ဗီယက်နမ် နိုင်ငံ "တရုတ်ပြည် လေ့လာရေး" မဂ္ဂဇင်း အယ်ဒီတာချုပ်ဟောင်း၊ ဗီယက်နမ် လူမှုရေး သိပ္ပံပညာ အကယ်ဒမီ တရုတ်ရေးရာ သုတေသနဌာန ဌာနမှူးဟောင်း Do Tien Samက တရုတ် ကွန်မြူနစ်ပါတီသည် အာဏာရ ပါတီ အနေနှင့် တရုတ်ပြည်သူ များ၏ မျှော်လင့်ချက်နှင့် လွှဲအပ်ပေးသော ကြီးလေးသည့် တာဝန်များကို ထမ်းဆောင်နေ ကြောင်း၊ တရုတ် ပြည်သူများက ညီလာခံ အပေါ် အာရုံစိုက်မှု များလေလေ၊ တရုတ် ကွန်မြူနစ်ပါတီနှင့် ပြည်သူများ အကြား နွေးထွေးသော ဆက်ဆံမှုကို ဖော်ပြလေလေ ဖြစ်ကြောင်း ပြောကြားသည်။
ကာဇက်စတန် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အတွင်းရေးမှူးက ယခုအကြိမ် ညီလာ ခံသည် အနာဂတ် တရုတ်ပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် အခြား နယ်ပယ်များမှ ဖွံ့ဖြိုးတိုးတက်မှု အတွက် ဦးတည်ချက် ညွှန်းပြပေးမည် ဖြစ်ကြောင်း ပြောကြားသည်။
တောင်အာဖရိက နိုင်ငံ Witwatersrand တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေး ပညာ ပါမောက္ခ Garth Sheldonက အာဖရိကသားနှင့် တောင်အာဖရိက နိုင်ငံ ပြည်သူများသည် ယခုအကြိမ် ညီလာခံ အပေါ် အလွန် အာရုံစိုက်နေကြကြောင်း၊ ဆက်လက်ဖွံ့ဖြိုးတိုးတက် နေသော တရုတ် စီးပွားရေးနှင့် စည်ပင်သာယာရေးသည် အာဖရိက စီးပွားရေး အတွက် အခွင့်ကောင်းများ ဆောင်ကြဉ်းလာရန်၊ ယခုအကြိမ် ညီလာခံသည် အာဖရိက-တရုတ် ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုး တွန်းအားပေးရန် မျှော်လင့်ကြောင်း ပြောကြားသည်။
လွန်ခဲ့သည့် နှစ်များက ပြင်သစ် ကွန်မြူနစ်ပါတီသည် တရုတ် ကွန်မြူနစ်ပါတီနှင့် နွေးထွေးရင်းနှီးသော ကူးလူးဖလှယ်မှု ပြုလုပ်ပြီး နယ်ပယ်များစွာတွင် ပူးပေါင်းဆောင်ရွက်မှု များပြုလုပ်ခဲ့ကြောင်း၊ ပြင်သစ် ကွန်မြူနစ်ပါတီ L'Humanité သတင်းစာ ဌာန ဌာနမှူး Patrick Le Hyaricက တရုတ်ပြည်တွင် လူဦးရေ များပြားပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နယ်ပယ်တွင် တစ်ကမ္ဘာလုံး အာရုံစိုက်ကြပြီး ကြီးမားသည့် အောင်မြင်မှုများ ရရှိကြောင်း၊ ယခုအကြိမ် ညီလာခံ အောင်မြင်စွာ ကျင်းပပြီး တရုတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပုံစံ ပြုပြင်ပြောင်းလဲခြင်းနှင့် အဆင့်တိုးမြင့်ခြင်း အတွက်ရော၊ ဆင်းရဲမှု တစ်ဆင့်တိုး ပပျောက် စေရေး အတွက်ပါ စီမံကိန်းချမှတ်ရန် မျှော်လင့်ကြောင်း၊ တရုတ် အတွေ့အကြုံများကို ပြင်သစ် အနေနှင့် နည်းယူလေ့လာထိုက်ကြောင်း၊ ပြင်သစ် ကွန်မြူနစ်ပါတီက တရုတ် ကွန်မြူနစ်ပါတီနှင့် ကူးလူးဖလှယ်မှု တစ်ဆင့်တိုး ဆောင်ရွက်ရန် မျှော်လင့်ကြောင်းလည်း ပြောကြားသည်။