• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာသည် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး စနစ်သစ် တည်ဆောက်မည်

(GMT+08:00) 2017-10-16 15:35:57

မြန်မာ ဒေသ စံတော်ချိန် ယခုလ ၁၂ရက်နေ့ညက မြန်မာ နိုင်ငံ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်လုံးဆိုင်ရာ ရုပ်မြင်သံကြား အစီအစဉ် တွင် မိန့်ခွန်းပြောကြားရာ မြန်မာ အစိုးရသည် အခြားဒေသများသို့ ထွက်ပြေးခဲ့သူများ ရခိုင်ပြည်နယ်တွင် ပြန်လည် နေရာချထားရေးကို လက်တွေ့ ဖော်ဆောင်ပြီး ရခိုင်ပြည်နယ်၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တွန်းအားပေးရန် အတွက် စနစ်သစ် တည်ဆောက်မည် ဖြစ်ကြောင်း ဖော်ပြသည်ဟု စီအာအိုင် သတင်းအရ သိရသည်။

ဒေါ်ဆောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားရာတွင် ရခိုင် ပြည်နယ် အတွင်း လူသားချင်း စာနာထောက် ထားမှု၊ ပြန်လည်နေရာ ချထားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အဖွဲ့ကို တည်ထောင်ပြီး မိမိသည် ၄င်းအဖွဲ့ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်မည် ဖြစ်ကြောင်း၊ မြန်မာ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်မြတ်အေးသည် အဖွဲ့ ဒုဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်မည် ဖြစ်ကြောင်း၊ ၄င်းအစီအစဉ်ကို လာမည့် သီတင်းပတ်တွင် စတင်ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ၄င်းစနစ် တည်ဆောက်သည့် ရည်ရွယ်ချက်မှာ နယ်ပယ်အသီးသီးတွင် ပြည်ထောင်စု အစိုးရ၊ ဒေသန္တာရ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် လူတန်းစားအလွှာပေါင်းစုံတို့ အကြား ပူးပေါင်းဆောင်ရွက်မှု လက်တွဲပြုလုပ်ရန် ဖြစ်ကြောင်း ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ် ပြဿနာ ဖြေရှင်းရေး အတွက် လောလောဆယ် လုပ်ဆောင်ရမည့် အဓိက လုပ်ငန်းတာဝန် ၃ခုမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးခဲ့သော နေထိုင်သူများအား ပြန်လည်စိစစ်လက်ခံပြီး ထိရောက်သော လူသားချင်း စာနာထောက်ထားမှုများ ပေးရန်၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည် နေရာချထားရေး လုပ်ငန်းကို ဆောင်ရွက်ရန်နှင့် ဒေသန္တရ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထာဝရ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရန် ဖြစ်ကြောင်း ပြောကြားသည်။

ထို့အပြင်၊ ဒေါ်အောင်ဆန်းစုကြည်က ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ပြန်လာမည့်သူများ၊ ဒိုင်းနက်၊ မြိုနှင့် ဟိန္ဒူလူမျိုးများ အပါအဝင် တိုင်းရင်းသား လူမျိုးစုများ အတွက် မူလအနေ အထားကို ပြန်လည်ရောက်ရှိအောင် မူလအနေအထားထက် သာလွန်ကောင်းမွန်အောင် ရေရှည်တည်တံ့ခိုင်မြဲသည့် စီမံကိန်းကို အစိုးရက အကောင်အထည်ဖော်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ပြောကြားသည်။

   Webradio