• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၉ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ အထွေထွေ ညီလာခံသည် ကမ္ဘာ အပေါ် အရေးကြီးသည့် သြဇာသက်ရောက်မှု ရှိမည်ဟု ပြင်သစ် ပညာရှင်ဆို

(GMT+08:00) 2017-10-16 15:33:49

၁၉ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ အထွေထွေ ညီလာခံကို ယခုလ ၁၈ရက်နေ့တွင် ပီကင်း၌ ဖွင့်လှစ်မည်။ ပြင်သစ် နိုင်ငံမှ တရုတ် ရေးရာ ပညာရှင်၊ ပါရီ အဌမ တက္ကသိုလ် ပထဝီ အနေအထား အရ နိုင်ငံရေး ပညာ ဒေါက်တာ ပီအဲရေ ပီကားက စီအာအိုင် သတင်းထောက်နှင့် တွေ့ဆုံရာ တရုတ်ပြည်သည် ကမ္ဘာ့ စီးပွားရေး အတွက် အလွန် အရေးကြီးကြောင်း၊ ၁၉ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ ပြည်လုံး ဆိုင်ရာ အထွေထွေ ညီလာခံသည် လာမည့် ၃-၄နှစ်တွင် တရုတ်ပြည်၏ ဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ချက်ကို သတ်မှတ်ပြီး ကမ္ဘာ အပေါ် အရေးကြီးသည့် သြဇာသက်ရောက်မှု ရှိမည် ဖြစ်ကြောင်း ပြောကြားသည်။

ပီအဲရေ ပီကားက တရုတ်ပြည်သည် Belt and Road အဆိုပြုချက်ကို တင်ပြပြီး တံခါးဖွင့်မှုကို ဆက်လက် ကျင့်သုံးကာ အခြား နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ပြီး ဂလိုဘယ်လိုင်ဇေးရှင်း ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးနေကြောင်း၊ တရုတ်ပြည်သည် ပြည်တွင်း ပြုပြင်ပြောင်းလဲမှုကို ဘက်စုံဇောက်ချပြုလုပ်ပြီး လူမှုရေး တရားမျှတမှုကို တွန်းအားပေးကာ လူမှုရေး ဆိုင်ရာ အခြေခံ အဆောက်အအုံကို ဖွံ့ဖြိုးတိုးတက်ရန် အင်တိုက်အားတိုက် ဆောင်ရွက်ပြီး ပြည်သူများကို အကျိုးများ ရရှိစေခဲ့ကြောင်း၊ တရုတ်ပြည်သည် ညစ်ညမ်းမှု မရှိဘဲ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်မှု ရှိသော စီးပွားရေး ဆက်တိုက် ဖွံ့ဖြိုးတိုးတက်မှုနှင့် သန့်စင်သည့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်မှု အတွက် ကြိုးပမ်း ဆောင်ရွက်နေကြောင်း၊ ထို့အပြင်၊ တရုတ်ပြည်သည် ကမ္ဘာ့ စီမံခန့်ခွဲရေး လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ပြီး ကမ္ဘာ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တွန်းအားပေးရန် ခံယူချက်များကို တင်ပြခဲ့ကြောင်း၊ ပြီးခဲ့သည့် ၅နှစ် အတွင်း တရုတ်ပြည်သည် ကြီးမားသည့် အောင်မြင်မှုများ ရရှိခဲ့ကြောင်း ပြောကြားသည်။

   Webradio