• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၉ကြိမ်မြောက် တရုတ် ကွန်မြူနစ် ပါတီ ပြည်လုံးဆိုင်ရာ အထွေထွေ ညီလာခံ "ပါတီဝင် ကိုယ်စားလှယ် လမ်းကြောင်း" ထားရှိမည်

(GMT+08:00) 2017-10-12 15:15:49

ပီကင်းမြို့ မီဒီယာ ဟိုတယ်တွင် ထားရှိသော ၁၉ကြိမ်မြောက် တရုတ် ကွန်မြူနစ် ပါတီ ပြည်လုံးဆိုင်ရာ အထွေထွေ ညီလာခံ မီဒီယာ စင်တာကို ယခုလ ၁၁ရက်နေ့က ဖွင့်လှစ်ပြီး သက်ဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများကို စတင် ဆောင်ရွက်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ထိုနေ့က မီဒီယာများအား ဖြန့်ချီခဲ့သော သတင်းထောက်များ၏ သတင်းရယူရေး ဝန်ဆောင်မှု အညွှန်းစာအုပ်တွင် ယခုအကြိမ် ညီလာခံ ကျင်းပစဉ် အတွင်း မီဒီယာစင်တာသည် ညီလာခံ ကျင်းပရာ ပြည်သူ့ ခန်းမဆောင်ကြီးတွင် "ပါတီဝင် ကိုယ်စားလှယ်များ လမ်းကြောင်း"ကို ထားရှိပြီး သတင်းရယူရေး လှုပ်ရှားမှုများကို စီစဉ်ပေးမည် ဖြစ်ကြောင်း၊ ယင်းသည် တရုတ် ကွန်မြူနစ် ပါတီ ပြည်လုံးဆိုင်ရာ အထွေထွေ ညီလာခံ ကျင်းပစဉ် အတွင်း ပထမဆုံး အကြိမ် အဖြစ် "ပါတီဝင် ကိုယ်စားလှယ် လမ်းကြောင်း" ထားရှိခြင်း ဖြစ်ကြောင်း သိရသည်။

   Webradio