• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၉ကြိမ်မြောက် တရုတ် ကွန်မြူနစ် ပါတီ ပြည်လုံးဆိုင်ရာ အထွေထွေ ညီလာခံ မီဒီယာ စင်တာ ဖွင့်လှစ်

(GMT+08:00) 2017-10-12 14:56:32

     

      ပီကင်းမြို့ မီဒီယာ ဟိုတယ်တွင် ထားရှိသော ၁၉ကြိမ်မြောက် တရုတ် ကွန်မြူနစ် ပါတီ ပြည်လုံးဆိုင်ရာ အထွေထွေ ညီလာခံ မီဒီယာ စင်တာကို ယခုလ ၁၁ရက်နေ့က ဖွင့်လှစ်ပြီး သက်ဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများကို စတင် ဆောင်ရွက်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ယင်းဝန်ဆောင်မှုများတွင် ၁၉ကြိမ်မြောက် တရုတ် ကွန်မြူနစ် ပါတီ ပြည်လုံးဆိုင်ရာ အထွေထွေ ညီလာခံကို သတင်းရယူရန် ပြည်တွင်းပြည်ပ သတင်းထောက်များ အတွက် သတင်းရရှိရေး လက်မှတ် ထုတ်ပေးရေး၊ သတင်းရယူရန် လျှောက်ထားခြင်းကို လက်ခံခြင်းနှင့် ညီလာခံနှင့် ပတ်သက်သော သတင်းရယူရေး လှုပ်ရှားမှုများ စီစဉ်ပေးခြင်း စသည်များ ပါဝင်ကြောင်း၊ ပြီးခဲ့သည့် ၅နှစ်တုန်းက ၁၈ကြိမ်မြောက် တရုတ် ကွန်မြူနစ် ပါတီ ပြည်လုံးဆိုင်ရာ အထွေထွေ ညီလာခံ မီဒီယာ စင်တာနှင့် နှိုင်းယှဉ်ကြည့်လျှင် ယခုအကြိမ် ညီလာခံ မီဒီယာ စင်တာသည် ပိုမိုများပြားသည့် သတင်းထောက်နေရာနှင့် ပိုမိုလျင်မြန် သောအင်တာနက် အရှိန် ရှိပြီး ဝန်ဆောင်မှု ဆိုင်ရာ ဆန်းသစ်တီထွင်မှုများကိုလည်း ပြုလုပ်ကာ ယခုအကြိမ် ညီလာခံကို သတင်းထောက်များ၏ သတင်းရယူရေး အတွက် လိုအပ်သော သတင်းအချက်အလက် ဆိုင်ရာ ဝန်ဆောင်မှုနှင့် နည်းပညာ ကျားကန်ပေးမှု များကို ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

 

   Webradio