• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်၏ ဖွံ့ဖြိုးရေး ပုံစံသည် ကမ္ဘာနှင့် ပတ်သက်မှုရှိဟု စင်ကာပူ ပညာရှင်ဆို

(GMT+08:00) 2017-10-11 15:25:59

၁၉ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ အထွေထွေ ညီလာခံကို ယခုလ ၁၈ရက်နေ့တွင် ပီကင်း၌ စတင် ကျင်းပမည်။ မကြာခင်က စင်ကာပူ အမျိုးသား တက္ကသိုလ် အရှေ့အာရှ သုတေသနဌာန ဌာနမှူး ပါမောက္ခ ကျင့်ယုံဥာဏ်က စီအာအိုင် သတင်း ထောက်နှင့်တွေ့ဆုံရာ တရုတ်ပြည်၏ ဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှုနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။

၎င်းက ယခု တရုတ်ပြည်သည် ကမ္ဘာပေါ်တွင် ဒုတိယ အကြီးဆုံး စီးပွားရေး အုပ်စုနှင့် အကြီးဆုံး ကုန်သွယ်ရေး နိုင်ငံ ဖြစ်လာပြီး ကမ္ဘာ့ အတွက် လုံလောက်သည့် အကျိုးပြု စွမ်းဆောင်နိုင်စွမ်း ရှိပြီ ဖြစ်ကြောင်း၊ တရုတ် ဖွံ့ဖြိုးရေး ပုံစံကို အခြားနိုင်ငံများတွင် ပြောင်းလဲမှု လုံးဝမရှိဘဲ အသုံးပြုလျှင် မရကြောင်း၊ တရုတ် ဖွံ့ဖြိုးရေး ပုံစံသည် အနောက်နိုင်ငံ ဖွံ့ဖြိုးရေး ပုံစံကို အစားထိုးရန်လည်း မဟုတ်ကြောင်း၊ သို့သော် တရုတ်ပြည် ၏ဖွံ့ဖြိုးရေး အတွေ့အကြုံများကို အခြားနိုင်ငံများ အနေနှင့် နည်းယူလေ့လာ ထိုက်ကြောင်း ယူဆသည်ဟု ပြောကြားသည်။

ထို့အပြင်၊ ကျင့်ယုံဥာဏ်က တရုတ် ပုံစံကို တံခါးပိတ်ထားပြီး ကိုယ့်ကိုယ်ကိုယ် ဖန်တီးခဲ့ခြင်း မဟုတ်ဘဲ စီးပွားရေး ဂလိုဘယ်လိုင်ဇေးရှင်း အခြေအနေ မျိုးတွင် အခြား နိုင်ငံများမှ အတွေ့အကြုံများကို နည်းယူလေ့လာပြီး ဖန်တီးခဲ့ခြင်း ဖြစ်ကြောင်း၊ တရုတ်ပြည်သည် ပွင့်လင်းမှုရှိပြီး တရုတ်ပုံစံသည် အခြားနိုင်ငံများနှင့် ပတ်သက်မှု များစွာ ရှိသည်ဟု ယူဆကြောင်း ပြောကြားသည်။

 

 

   Webradio