• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၉ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ အထွေထွေ ညီလာခံ အပြီးတွင် တရုတ် ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှု ပိုမို ရှင်သန်၊ ထူးကဲကောင်းမွန်မည်ဟု ထိုင်းဒုဝန်ကြီးချုပ်၏ အကြံပေးအရာရှိဆို

(GMT+08:00) 2017-10-09 17:02:22

     ၁၉ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ အထွေထွေ ညီလာခံကို ယခုလ ၁၈ရက်နေ့တွင် ပီကင်း၌ ကျင်းပမည် ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရသည်။
     ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ် ပရာဝစ်၏ အကြံပေးအရာရှိ၊ ထိုင်း-တရုတ် ယဉ်ကျေးမှုနှင့် စီးပွားရေး အသင်း ဒုဥက္ကဋ္ဌ ပိုင်စယ် ပွက်မုန်ကိုလ်က စီအာအိုင် သတင်းထောက်နှင့် တွေ့ဆုံရာ၌ ၁၈ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ အထွေထွေ ညီလာခံ ကျင်းပခဲ့သည့် နောက်ပိုင်းတွင် တရုတ်ပြည် ရရှိခဲ့သော အောင်မြင်မှုများကို လွန်စွာ ချီးကျူးကြောင်း၊ ၁၉ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ အထွေထွေ ညီလာခံ အပြီးတွင် တရုတ် ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှု ပိုမိုရှင်သန်၊ ထူးကဲကောင်းမွန်မည် ဖြစ်ကြောင်း ပြောကြားသည်။

   Webradio