• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် နန်နင်မြို့ အိုင်အက်စ်ရောဂါ သူနာပြုမှူး တုလိချွင်

(GMT+08:00) 2017-10-08 14:22:25

တုလိချွင်သည် တရုတ်ပြည် ကွမ်ရှီး ကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ အမှတ်-၄ ပြည်သူ့ ဆေးရုံမှ အိုင်အက်စ် အက်စ်ရောဂါ အထူးကုဌာနမှ သူနာပြုမှူး ဖြစ်ပြီး ကွမ်ရှီးနယ်၌ ပထမ အသုတ် အက်စ်ရောဂါသည် ပြုစုစောင့်ရှောက်ရေး ဆေးဝန်ထမ်းများအဖွဲ့ကို ဖွဲ့စည်းခဲ့သူလည်း ဖြစ်ပါသည်။ တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် တုလိချွင်အား နှစ်ကြိမ် တွေ့ဆုံခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

တုလိချွင်သည် တရုတ် ကျန်းမာရေးလုပ်ငန်းဆိုင်ရာ အမြင့်ဆုံး ဂုဏ်ထူး ဖြစ်သည့် ဘရှုးဆုကို ရရှိခဲ့သည့်အပြင် နိုင်ငံတကာ သူနာပြု လုပ်ငန်းနယ်ပယ်တွင် အမြင့်ဆုံး ဂုဏ်ထူး ဖြစ်သည့် နန်တင်ဂယ် ဆုကိုလည်း ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

   Webradio