• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

"လွန်ခဲ့သည့် ငါးနှစ်အတွင်း တိုးတက်ပြောင်းလဲမှုများ" ပြပွဲကို ပြည်သူများကို ဖွင့်လှစ်ပေး

(GMT+08:00) 2017-09-30 10:34:33

၁၉ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ ညီလာခံကို အောက်တိုဘာ လတွင် ကျင်းပမည်။ မကြာမီက "လွန်ခဲ့သည့် ငါးနှစ်အတွင်း တိုးတက်ပြောင်းလဲမှုများ" အောင်မြင်မှုများ ပြပွဲကို ပီကင်းတွင် ဖွင့်လှစ်ခဲ့ကြောင်း၊ ၄င်းပြပွဲတွင် နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ လူမှုရေး၊ သဘာဝ ပတ်ဝန်းကျင်၊ နိုင်ငံခြားရေး အပါအဝင် နယ်ပယ် ၁၀ခုမှ ၁၈ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ ညီလာခံ ကျင်းပခဲ့သည့် နောက်ပိုင်းတွင် တရုတ် ကွန်မြူနစ်ပါတီနှင့် နိုင်ငံတော် လုပ်ငန်းများ၌ သမိုင်းဝင် ပြောင်းလဲမှုနှင့် ထွန်းပြောင်သော အောင်မြင်မှုများကို ဘက်စုံ ပြသနေကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ယခုလ ၂၆ရက်နေ့က ၄င်းပြပွဲကို ပြည်သူများအား စတင် ဖွင့်လှစ်ပေးခဲ့ကြောင်း၊ လူအများသည် ပီကင်းပြတိုက်သို့ သွားရောက်ပြီး ပြပွဲကို ကြည့်ရှုကြကြောင်း၊ ၄င်းပြပွဲတွင် "ပြည်သူများကို အရင်းခံပြီး ပြည်သူများအား အကျိုးစီးပွားကို ပိုမိုခံစားစေခြင်း" နှင့် "ကျန်းမာသည့် တရုတ်ပြည် တည်ဆောက်ရေး"ဟူသော ခေါင်းစဉ်များဖြင့် ပြခန်းများ အသီးသီး ထားရှိခဲ့ကြောင်း၊ သွားရောက်ကြည့်ရှုသူများက လွန်ခဲ့သော ငါးနှစ် အတွင်း ဘက်ပေါင်းစုံမှ တရုတ်ပြည် ရရှိခဲ့သော အောင်မြင်မှုများကို ချီးကျူးကြကြောင်း သိရသည်။

ပြပွဲကို သွားရောက်ကြည့်ရှုသော ပီကင်း သိပံ္ပနည်းပညာ တက္ကသိုလ် ဘွဲ့လွန်သင် တန်းသား ကျန်းလိချင်က ပြီးခဲ့သည့် ၅နှစ် အတွင်း အင်တာနက် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့် မိမိသည် အဝေးသင် ပညာရေးမှ အကျိုးရရှိခဲ့ကြောင်း ပြောကြားသည်။

အသက် ၇၈နှစ် အရွယ်ရှိ အငြိမ်းစား ဆရာ ပိုင်ရှုကွမ်းက ပြီးခဲ့သည့် ၅နှစ် အတွင်း မိမိ၏ ဆေးကု စရိတ် အဆက်မပြတ် လျော့နည်းသွားကြောင်း ပြောကြားသည်။

၎င်းပြပွဲ စည်းရုံးကျင်းပရေး တာဝန် ထမ်းဆောင်သည့် တရုတ် အမျိုးသား ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် လူမှုရေး ဦးစီးဌာန အထွေထွေရေးရာ ဌာန ဌာနမှူး ကုန်းကျင်းကြည့်က ပြီးခဲ့သည့် ၅နှစ်အတွင်း တရုတ်ပြည်၏ အထွေထွေ ပညာရေး ဖွံ့ဖြိုးတိုးတက်မှု အဆင့်အတန်းသည် ကမ္ဘာ့ အလယ်အလတ်အဆင့်နှင့် အဆင့်မြင့် နေရာ၌ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ ဝင်ငွေနယ်ပယ်တွင် ပြည်သူများ၏ ပျမ်းမျှဝင်ငွေမှာ ၄၃့၅ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း၊ ဆေးဝါးကုသရေး အရင်းအမြစ်လည်း ပိုမိုများပြားလာပြီး လူ၏ ခန့်မှန်းခြေ အသက်မှာ ၇၆့၃၄အရွယ်အထိ ရှိကြောင်းလည်း ပြောကြားသည်။

   Webradio