• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၉ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ ညီလာခံ မီဒီယာ စင်တာကို အောက်တိုဘာလ ၁၁ရက်နေ့တွင် ဖွင့်လှစ်မည်

(GMT+08:00) 2017-09-29 18:10:06

၁၉ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ ညီလာခံ မီဒီယာ စင်တာကို အောက်တိုဘာလ ၁၁ရက်နေ့တွင် ဖွင့်လှစ်ပြီး သက်ဆိုင်ရာ ဝန်ဆောင်မှု ပေးမည် ဖြစ်ကြောင်း၊ ၄င်းစင်တာကို ပီကင်း Media ဟိုတယ်တွင် ထားရှိကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

၎င်းစင်တာသည် ယခုအကြိမ် ညီလာခံကို သတင်းရယူရန် ရောက်ရှိလာသော ဟောင်ကောင် အထူးအုပ်ချုပ်ရေး ဒေသ၊ မကာအို အထူး အုပ်ချုပ်ရေး ဒေသနှင့် ထိုင်ဝမ် ဒေသများမှ သတင်းထောက်များနှင့် နိုင်ငံခြား သတင်းထောက်များ အတွက် သတင်း ရယူရေး လက်မှတ်များ ထုတ်ပေးရေး၊ သတင်းရယူရန် လျှောက်ထားခြင်း လက်ခံရေး၊ ညီလာခံ သတင်းစာ ရှင်းလင်းပွဲများ စည်းရုံးကျင်းပရေးနှင့် ညီလာခံမှ သတင်းရယူရေး လှုပ်ရှားမှုများတွင် ပါဝင်ရန် စီစဉ်ပေးခြင်း စသည်များကို ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

 

   Webradio