• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည် ကွမ်ရှီး ထျေရှန်းကောင် ဆိပ်ကမ်း Belt and Road တည်ဆောက်ရေးတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်

(GMT+08:00) 2017-09-29 18:08:20

ယခုနှစ် ဧပြီလ ၁၉ရက်နေ့က တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ကွမ်ရှီးကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသ ထျေရှန်းကောင် ဆိပ်ကမ်းတွင် စစ်ဆေးကြည့်ရှုရာတွင် ဆိပ်ကမ်း တည်ဆောက်ရေး သည် အလွန် အရေးကြီးကြောင်း၊ ပင်လယ်ကို ရှေ့ရှုသော စီးပွားရေးနှင့် ပွင့်လင်းသော စီးပွားရေးကို ဖန်တီးပေးရန် လိုကြောင်း ပြောကြားခဲ့သည်ဟု စီအာအိုင်က ရေးသား ဖော်ပြသည်။

သက်ဆိုင်ရာများသည် ရှီကျင့်ဖိန်၏ ညွှန်ကြားချက်ကို စွဲစွဲမြဲမြဲ မှတ်ထားပြီး ထျေရှန်းကောင် ဆိပ်ကမ်း၏ အခြေခံ အဆောက်အအုံ တည်ဆောက်ရေးကို အရှိန်မြှင့် ဆောင်ရွက်ပြီး "ထိပ်တန်း အဆောက်အအုံ၊ ထိပ်တန်းနည်းပညာ၊ ထိပ်တန်း စီမံခန့်ခွဲမှုနှင့် ထိပ်တန်း ဝန်ဆောင်မှု" ရှိသော ဆိပ်ကမ်းတစ်ခု အဖြစ် ဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ ယခုနှစ် ဇွန်လက ထျေရှန်းကောင် ဆိပ်ကမ်းသည် အစိုးရမှ ခွင့်ပြုချက် ရရှိပြီး ပြည်ပသို့ တံခါးဖွင့်မှုကို တရားဝင် စတင်ဆောင်ရွက်ပြီး ပင်လယ်သို့ ရှေ့ရှုသော လမ်းကြောင်းကို တရားဝင် ဖွင့်လှစ်ခဲ့ကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။

   Webradio