• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည် ဟူနန်ပြည်နယ် ရှီဘာတုန့်ရွာ ဆင်းရဲမှု ပပျောက်စေရေး အောင်မြင်မှု ရရှိ

(GMT+08:00) 2017-09-28 14:34:30

တရုတ်ပြည် ဟူနန်ပြည်နယ် ရှမ်းရှီးဒေသ ရှီဘာတုန့်ရွာသည် တောင်းတန်ဒေသတွင် တည်ရှိပြီး ကြာရှည်သော ကာလအတွင်း ဆင်းရဲသော ကျေးရွာတစ်ရွာ ဖြစ်ကြောင်း၊ တရုတ် အစိုးရမှ တိကျမှန်ကန်သော ဆင်းရဲမှု ပပျောက်စေရေး ဆောင်ရွက်ချက် ကျင့်သုံးခဲ့သည့် နောက်ပိုင်းတွင် ရွာသူရွာသားများ၏ နေထိုင်မှုဘဝသည် အပြောင်းလဲကြီး ပြောင်းလဲလာကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။

၂၀၁၃ခုနှစ်က ရှီဘာတုန့်ရွာသူရွာသားများ၏ နှစ်စဉ် လူတစ်ဦး ပျမ်းမျှ ဝင်ငွေမှာ တရုတ်ယွမ်ငွေ ၁၆၀၀ပင် ရှိကြောင်း၊ ထိုနှစ်က တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ရှီဘာတုန့်ရွာသို့ သွားရောက် စစ်ဆေးကြည့်ရှုပြီး ဒေသခံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် "အမှန်ကို အမှန်အတိုင်း၊ ဒေသခံ ဝိသေသထူးခြားချက်နှင့် အညီ သင့်လျော်သည့် ဆောင်ရွက်ချက် ကျင့်သုံးရေး၊ တိကျမှန်ကန်သော ဆင်းရဲမှု ပပျောက်စေရေး ဆောင်ရွက်ချက် ကျင့်သုံးရေး" ဟူသော အရေးကြီး မဟာဗျူဟာ ညွှန်ကြားချက်ကို ဖော်ပြခဲ့ကြောင်း၊ အဲဒီနောက်ပိုင်းတွင် ရှီဘာတုန့် ရွာသူရွာသားများသည် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ညွန်ကြားချက်အတိုင်း ကြိုးပမ်းဆောင်ရွက်ပြီး ၂၀၁၆ခုနှစ်ရောက်လျှင် နှစ်စဉ် လူတစ်ဦး ပျမ်းမျှ ဝင်ငွေမှာ တရုတ်ယွမ်ငွေ ၈၃၁၃ယွမ် အထိ တိုးလာကာ ရှီဘာတုန့်ရွာ၏ အသွင်အပြင် သစ်လွင်တင့်ဆန်းလာကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။

   Webradio