• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   Saturday  may 17th   2025   

ရခိုင်ပြည်နယ် အခြေအနေ တည်ငြိမ်လာ

(GMT+08:00) 2017-09-27 15:20:24

လွန်ခဲ့သည့် သြဂုတ်လ ၂၅ရက်နေ့က မြန်မာ နိုင်ငံ ရခိုင်ပြည်နယ် မောင်တောခရိုင် တွင် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့် နောက်ပိုင်း၌ မြန်မာ အစိုးရနှင့် နိုင်ငံတကာ မိသားစုကြီးတို့သည် ၄င်းဒေသ၏ လုံခြုံရေး၊ ကယ်ဆယ်ရေးနှင့် မွတ်စလင်လူမျိုးတို့၏ အခြေအနေများ အပေါ် အာရုံစိုက်ကြကြောင်း၊ မြန်မာ နိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယခုလ ၁၉ရက်နေ့က မိန့်ခွန်းပြောကြားရာတွင် ရခိုင်ပြည်နယ် ပြဿနာကို အာရုံစိုက်ကြသော ပြည်တွင်းပြည်ပ ပုဂ္ဂိုလ်များအား  ရခိုင်ပြည်နယ်သို့ သွားရောက်ပြီး ၄င်းဒေသ၏ အခြေအနေ သိရှိရန် ဖိတ်ခေါ်ခဲ့ကြောင်း ဖော်ပြသည်။

မြန်မာ အစိုးရသည် ၄င်းအကြမ်းဖက်မှု ဖြစ်ပွားခဲ့သည့် နောက်ပိုင်းတွင် မောင်တော ခရိုင် အရှေ့တောင်ဘက်နှင့် ကီလိုမီတာ ၉၀ခန့် အကွာရှိ စစ်တွေမြို့၌ အကြမ်းဖက်မှု ဖြစ်ပွားရာ ဒေသမှ ထွက်ပြေးတိမ်းရှောင်လာသော ဒုက္ခသည် များအတွက် ကယ်ဆယ်ရေး စခန်းများကို ထားရှိပြီး ရခိုင်လူမျိုးများကို လက်ခံရုံသာမကဘဲ မောင်တောခရိုင်မှ ထွက်ပြေးလာသော ဟိန္ဒူလူမျိုးများကိုလည်း လက်ခံကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြန်မာ အစိုးရနှင့် ပရဟိတ အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များသည် ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နေသည့် အပြင်၊ တရုတ် အပါအဝင် နိုင်ငံ အချို့နှင့် NGOများသည် ကယ်ဆယ်ရေး လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေကြ ကြောင်းလည်း သိရသည်။

မြန်မာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက မိမိတို့ ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်ရာတွင် လူမျိုးများကို ခွဲခြား၍ ဆောင်ရွက်ခြင်း မဟုတ်ကြောင်း၊ မိမိတို့သည် ထွက်ပြေးတိမ်းရှောင်လာသော ဒုက္ခသည် မှန်သမျှ အတွက် ကယ်ဆယ်ဆောင်ရွက်ပေးနေကြောင်း၊ ထို့အပြင်၊ မိမိတို့သည် ရခိုင်ပြည်နယ်ရေးရာ အတိုင်ပင်ခံ ကော်မတီကို သီးခြားတည်ထောင်ပြီး ရခိုင်ပြည်နယ် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို ရေးဆွဲချမှတ်ကာ လက်တွေ့ဖော်ဆောင်မည် ဖြစ်ကြောင်း၊ ၄င်းစီမံကိန်းတွင် မွတ်စလင်နှင့် အခြား လူမျိုးများ၏ ရေရှည် ဖွံ့ဖြိုးရေး စီမံချက်များ ပါဝင်ကြောင်း ပြောကြားသည်။

မြန်မာ အစိုးရက ယခုလ ၅ရက်နေ့က ကြေညာချက် ထုတ်ပြန်ရာ မောင်တော ခရိုင်တွင် တည်ငြိမ်မှု ပြန်လည် ရရှိ၍ နေရပ်စွန့်ခွါထွက်ပြေးသူများ မိမိတို့ အရပ်ဒေသသို့ ပြန်လည်နေထိုင်ရန် ပန်ကြားကြောင်း ဖော်ပြသည်။

no comments !
   Webradio