• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပီကင်း၊ထျန်းကျင်း၊ဟိုပေ ညီညွတ်စွာ ဖွံ့ဖြိုးတိုးတက်ရေးတွင် ကြံဆချက်သစ်များဖြင့် ဖွံ့ဖြိုးရေး နည်းလမ်းသစ်များ ရှာကြံရန် လိုအပ်

(GMT+08:00) 2017-09-27 15:18:23
    ပီကင်း၊ထျန်းကျင်း၊ဟိုပေ ညီညွတ်စွာ ဖွံ့ဖြိုးတိုးတက်ရေးသည် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ကိုယ်တိုင် စီမံစိုင်းပြင်းမှုနှင့် တွန်းအားပေးမှုဖြင့် ဆောင်ရွက်နေသော အရေးကြီး နိုင်ငံတော် မဟာဗျူဟာ ဖြစ်ကြောင်း၊ ၄င်းမဟာဗျူဟာ၏ အမြုတေ အချက်မှာ ပီကင်းမြို့၏ မြို့တော်ဆိုင်ရာ မဟုတ်သော အလုပ်တာဝန်များကို ဖျက်သိမ်းပြီး နေထိုင်သူ ဦးရေ ၅သန်းမှ ၁၀သန်း အကြားရှိ မြို့ကြီး၏ ဖွံ့ဖြိုးတိုးတက်ရေး ခက်ခဲမှုများကို ဖြေရှင်းပေးကာ ဖွံ့ဖြိုးတိုးတက်ရေး ကြံဆချက်သစ်များဖြင့် ခေတ်မီမြို့ပြတည်ဆောက်ရေး နည်းလမ်းသစ် ရှာကြံပြီး လူသားနှင့် သဘာဝ အကြား သင့်မြတ်သာယာသော ပေါင်းသင်းဆက်ဆံမှု ရှိ၍ နေထိုင်မှု အခြေအနေ ကောင်းမွန်သည့်မြို့ တည်ဆောက်ရန် ဖြစ်ကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။
   Webradio