• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   Thursday  Apr 10th   2025   

အင်ဒိုနီးရှား ဗဟိုဘဏ် အခြေခံ အတိုးနှုန်းကို လျှော့ချ

(GMT+08:00) 2017-09-26 18:52:54

အင်ဒိုနီးရှား ဗဟိုဘဏ်သည် ယခုလ ၂၅ရက်နေ့က ၇ရက် အခြေခံ အတိုးနှုန်း (reverse repurchase rate)ကို ၄့၂၅ရာခိုင်နှုန်းအထိ လျှော့ချပြီး သွင်းငွေ အတိုးနှုန်းနှင့် ချေးငွေ အတိုးနှုန်းကို ၃့၅ရာခိုင်နှုန်းနှင့် ၅ရာခိုင်နှုန်းအထိ အသီးသီး လျှော့ချသည်ဟု မကြာခင်က ဆုံးဖြတ်ခဲ့ကြောင်း တရုတ် စီးပွားရေး နေ့စဉ် သတင်းစာတွင် ရေးသား ဖော်ပြသည်။

အင်ဒိုနီးရှား ဗဟိုဘဏ် စီးပွားရေး မူဝါဒနှင့် ငွေကြေးမူဝါဒ ဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ် ဒိုဒီက ယခုအကြိမ် အခြေခံ အတိုးနှုန်း လျှော့ချခြင်းသည် ပြည်တွင်းပြည်ပ စီးပွားရေး လက်တွေ့ အခြေအနေ ပြောင်းလဲမှုနှင့် ပိုပြီးကိုက်ညီကြောင်း၊ ငွေကြေးဖောင်းပွမှု ဖိအား တိုးပွားစေမည် မဟုတ်ဘဲ ဘဏ်များအကြားရှိ လုပ်ငန်းများကို ကောင်းမွန်စေရေး အတွက် အထောက်အကူဖြစ်ကြောင်း၊ အင်ဒိုနီးရှား ပြည်တွင်း စီးပွားရေး နာလန်ပြန်ထူလာခြင်းကို တွန်းအားပေးပြီး စီးပွားရေး ခန့်မှန်းခြေ တိုးနှုန်းကို တိုးမြှင့်မည် ဖြစ်ကြောင်းလည်း ပြောကြားသည်။

no comments !
   Webradio