• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကမ္ဘာထိပ်တန်း နေထိုင်မှု အခြေအနေ ကောင်းမွန်သည့်မြို့ အဖြစ် တည်ဆောက် ရန် ပီကင်းမြို့ ကြိုးပမ်းဆောင်ရွက်

(GMT+08:00) 2017-09-26 15:14:27

၂၀၁၄ခုနှစ် ဖေဖော်ဝါရီလက တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ပီကင်းမြို့တွင် လုပ်ငန်းစစ်ဆေးကြည့်ရှုရာ၌ ပီကင်းမြို့၏ မဟာဗျူဟာ အခန်းကဏ္ဍကို တိတိကျကျ သတ်မှတ်ပေးရကြောင်း၊ ပီကင်းမြို့တော်၏ ပြည်လုံးဆိုင်ရာ နိုင်ငံရေးစင်တာ၊ ယဉ်ကျေးမှု စင်တာ၊ နိုင်ငံတကာ ကူးလူးဖလှယ်ရေး စင်တာနှင့် သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်ရေး စင်တာ ဖြစ်သည့် အမြုတေ လုပ်ငန်း တာဝန်များကို စွဲကိုင်တိုးမြှင့်ရမည် ဖြစ်ကြောင်း၊ ပီကင်းမြို့ကို ကမ္ဘာထိပ်တန်း နေထိုင်မှု အခြေအနေ ကောင်းမွန်သည့်မြို့တစ်မြို့ အဖြစ် တည်ဆောက် ရန် ကြိုးပမ်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊

ပြီးခဲ့သည့် ၃နှစ်အတွင်း ရှီကျင့်ဖိန်၏ ညွှန်ကြားချက်အရ ပီကင်းမြို့သည် သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်ရေး၊ မြို့ပြရှေးဟောင်းယဉ်ကျေးမှုနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်မှု စသည့် နယ်ပယ်များတွင် အားထုတ်ကြိုးပမ်းပြီး အောင်မြင်မှု များစွာ ရရှိခဲ့ကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။

   Webradio