• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်သို့ လာရောက် ကွင်းဆင်းလေ့လာသည့် စင်ကာပူ တက္ကသိုလ်ကျောင်းသား ဦးရေ တိုးလာ

(GMT+08:00) 2017-09-25 16:35:43

မကြာခင် နှစ်များက တရုတ်ပြည်သို့ လာရောက်ပြီး ကူးလူးဖလှယ်မှုနှင့် ကွင်းဆင်း လေ့လာမှု ပြုလုပ်သည့် စင်ကာပူ ကျောင်းသူကျောင်းသား ဦးရေ တိုးပွားလာကြောင်း တရုတ်ပြည်သူ့နေ့စဉ် သတင်းစာတွင် ရေးသားဖော်ပြသည်။

ပြီးဆုံးခဲ့သည့် ၂၀၁၆-၂၀၁၇ စာသင်နှစ်တွင် စင်ကာပူ တက္ကသိုလ် ကျောင်းသူ ကျောင်းသား ၃၃၀သည် တရုတ်ပြည်၌ ကွင်းဆင်းလေ့လာမှုနှင့် ကူးလူးဖလှယ်မှုတွင် ပါဝင်ခဲ့ကြောင်း၊ ယင်းထဲတွင် ကျောင်းသူကျောင်းသား လဲလှယ်ရေး အစီအစဉ်နှင့် အချိန်တို ကူးလူးဖလှယ်ရေး လုပ်ငန်းတွင် ပါဝင်သူ ဦးရေသည် ၂၀၁၃ခုနှစ်ကထက် တစ်ဆတိုးလာကြောင်း စင်ကာပူ အမျိုးသား တက္ကသိုလ်မှ စာရင်းကို ကိုးကား၍ စင်ကာပူ လျန်ဟိုဇော်ဘော် သတင်းစာတွင် ရေးသားဖော်ပြသည်။

   Webradio