• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရခိုင်ပြည်နယ် ပြဿနာကို ဖြေရှင်းရေး အတွက် အကြီးဆုံး စိန်ခေါ်မှုမှာ တွေးခေါ်မှု ပြောင်းလဲစေရန် ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို

(GMT+08:00) 2017-09-25 16:33:08

 မြန်မာ နိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယခုလ ၂၀ရက်နေ့က မြန်မာ နိုင်ငံ ရခိုင်ပြည်နယ် အခြေအနေ၊ တရုတ်-မြန်မာ ဆက်ဆံမှုစသည့် ပြဿနာနှင့် ကိစ္စရပ်များနှင့် ပတ်သက်၍ စီအာအိုင် သတင်းထောက်၏ မေးမြန်းချက်များကို ပြန်လည် ဖြေကြားခဲ့သည်။ ရခိုင်ပြည်နယ် ပြဿနာကို ဖြေရှင်းရေး အတွက် အကြီးဆုံး စိန်ခေါ်မှုမှာ တွေးခေါ်မှု ပြောင်းလဲစေရန် ဖြစ်ကြောင်း ၄င်းက ယူဆသည်။

ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က အစိုးရ အနေနှင့် အကြမ်းဖက်မှု ဖြစ်ပွားခြင်း ထိန်းချုပ်တားမြစ်ရန် တာဝန် ဝတ္တရားရှိကြောင်း၊ ထို့အပြင်၊ အရပ်သူအရပ်သားများကို ထိခိုက်မှု မရှိအောင် ထိန်းသိမ်းကာကွယ်ရမည် ဖြစ်ကြောင်း၊ မိမိတို့သည် တပ်မတော်အား အလွန်တင်းကျပ်သော အမိန့်ကို ထုတ်ပြန်ရာ တိုင်းရင်းသား လူမျိုးစု အားလုံးမှ အရပ်သူအရပ်သားများ၏ အခွင့်အရေးကို ထိန်းသိမ်း ကာကွယ်ရမည်၊ လက်နက်အင်အားကို လွန်လွန်းစွာ အသုံးမပြုရဟု ညွှန်ကြားခဲ့ကြောင်း ပြောကြားသည်။

ရခိုင်ပြည်နယ် ပြဿနာကို ဖြေရှင်းရေး အတွက် အကြီးဆုံး စိန်ခေါ်မှုမှာ တွေးခေါ်မှု ပြောင်းလဲစေရန် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ ၄င်းက အခက်ခဲဆုံးအရာမှာ လူအများ၏ တွေးခေါ်မှုကို ပြောင်းလဲစေရန်ပင် ဖြစ်ကြောင်း၊ အပြန်အလှန်နားလည်မှု ရှိပြီး ငြိမ်းချမ်းသင့်မြတ်စွာ ပေါင်းသင်းဆက်ဆံရေးသည် လူတိုင်းအတွက် ပိုမိုများပြားသည့် အကျိုးရလဒ်များရရှိမည်ကို လူအများအား သိမြင်စေရန် လိုကြောင်း ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က လွန်ခဲ့သည့် သြဂုတ်လ ၂၅ရက်နေ့က အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့် နောက်ပိုင်းတွင် အစိုးရသည် ရခိုင်ပြည်နယ် အတွက် လူသားချင်း စာနာထောက်ထားမှု ပေးရန်  အစွမ်းကုန် ဆောင်ရွက်ခဲ့ကြောင်း ပြောကြား သည်။

 တရုတ်-မြန်မာ ဆက်ဆံမှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က မိမိတို့သည် လက်ရှိအချိန်တွင် နှစ်နိုင်ငံ ဆက်ဆံမှု အပေါ် ကျေနပ်မိကြောင်း၊ နှစ်နိုင်ငံ အစိုးရ အကြား အပြန်အလှန် နားလည်မှု အတွက် ခိုင်မာသော အခြေခံ အုတ်မြစ်ရှိကြောင်း ပြောကြားသည်။

ယခုနှစ် မေလက ဒေါ်အောင်ဆန်းစုကြည်သည် ပီကင်းတွင် ကျင်းပခဲ့သော Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ်သို့ တက်ရောက်ခဲ့သည်။ ယင်းနှင့်ပတ်သက်၍ ၄င်းက Belt and Roadသည်  သက်ဆိုင်ရာ နိုင်ငံ အားလုံး အတွက် ပိုမိုကောင်းမွန်သော စီးပွားရေးနှင့် လူမှုရေး အခြေအနေကို ဖန်တီးပေးရန် ရှေ့အလား အလာ များစွာရှိကြောင်း၊ မိမိတို့သည်လည်း ၄င်းအဆိုပြုချက်တွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ချင်ကြောင်း၊ သို့သော် Belt and Roadဆိုင်ရာ လုပ်ငန်း ဆောင်ရွက်ရာ ဒေသ၏ လုံခြုံရေး အခြေအနေ အပေါ်တွင် တည်ကြောင်း ပြောကြားသည်။

ယခုလကုန်အထိ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အာဏာကျင့်သုံးသည်မှာ ၁၈လပြည့်မည်ဖြစ်သည်။ သို့သော် လက်ရှိ အစိုးရ အပေါ် ပြည်ပမှ ဝေဖန်ခြင်း များစွာ ရှိကြောင်း၊ မြန်မာ ပြည်သူများသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးခြင်းနှင့် အစိုးရ အလုပ်တွင်ကျယ်မှု မရှိခြင်း အပေါ် မကျေမနပ် ဖြစ်မိကြောင်း၊ ယင်းနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများသည် အစိုးရအား ပိုမိုများပြားသည့် အချိန်ပေးရန် မျှော်လင့်ကြောင်း ပြောကြားသည်။

 

   Webradio