• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   Friday  may 30th   2025   

ရခိုင်ပြည်နယ် အခြေအနေနှင့် တရုတ်-မြန်မာ ဆက်ဆံမှုစသည်နှင့် ပတ်သက်၍ ဒေါ်ဆောင်ဆန်းစုကြည် တရုတ်မီဒီယာ၏ မေးမြန်းချက်များ ဖြေကြား

(GMT+08:00) 2017-09-25 14:25:21

မြန်မာ နိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယခုလ ၂၀ရက်နေ့က မြန်မာ နိုင်ငံ ရခိုင်ပြည်နယ် အခြေအနေ၊ တရုတ်-မြန်မာ ဆက်ဆံမှုစသည့် ပြဿနာနှင့် ကိစ္စရပ်များနှင့် ပတ်သက်၍ စီအာအိုင် သတင်းထောက်၏ မေးမြန်းချက်များကို ပြန်လည် ဖြေကြားခဲ့သည်။

ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က အစိုးရ အနေနှင့် အကြမ်းဖက်မှု ဖြစ်ပွားခြင်း ထိန်းချုပ်တားမြစ်ရန် တာဝန် ဝတ္တရားရှိကြောင်း၊ ရခိုင်ပြည်နယ် ပြဿနာကို ဖြေရှင်းရေး အတွက် အကြီးဆုံး စိန်းခေါ်မှုမှာ တွေးခေါ်မှု ပြောင်းလဲစေရန်ပင် ဖြစ်ကြောင်း၊ အပြန်အလှန်နားလည်မှု ရှိပြီး ငြိမ်းချမ်းသင့်မြတ်စွာ ပေါင်းသင်းဆက်ဆံရေးသည် လူတိုင်းအတွက် ပိုမိုများပြားသည့် အကျိုးရှိမည်ကို လူများအား သိမြင်စေရန် လိုကြောင်း ပြောကြားသည်။

တရုတ်-မြန်မာ ဆက်ဆံမှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က မိမိတို့သည် လက်ရှိအချိန်တွင် နှစ်နိုင်ငံ ဆက်ဆံမှု အပေါ် ကျေနပ်မိကြောင်း၊ နှစ်နိုင်ငံ အစိုးရ အကြား အပြန်အလှန် နားလည်မှု အတွက် ခိုင်မာသော အခြေခံ အုတ်မြစ်ရှိကြောင်း ပြောကြားသည်။

no comments !
   Webradio