• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ယိနှင့် သောင်းထွန်းတွေ့ဆုံနှုတ်ဆက်

(GMT+08:00) 2017-09-23 12:36:02

နယူးယောက်မြို့ ဒေသစံတော်ချိန် ယခုလ ၂၁ရက်နေ့က တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက်စဉ် အတွင်း မြန်မာ နိုင်ငံတော် အမျိုးသား လုံခြုံရေး ဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် ဦးသောင်းထွန်းနှင့် တွေ့ဆုံနှုတ်ဆက်ရာ မြန်မာ နိုင်ငံ ရခိုင် ပြည်နယ် အခြေအနေနှင့် ပတ်သက်၍ အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ထိုသို့ တွေ့ဆုံနှုတ်ဆက်ရာတွင် ဦးသောင်းထွန်းက မကြာခင်ရက်များက မြန်မာ အစိုးရသည် အလွှာပေါင်းစုံမှ ပန်ကြားချက်များနှင့်အညီ အကြမ်းဖက်မှု ရပ်စဲရန်၊ တည်ငြိမ်မှု ထိန်းသိမ်းကာကွယ်ရန်နှင့် လူသားချင်းစာနာထောက်ထားမှုပြုရန်စသည်များ အတွက် ဆောင်ရွက်ချက်များ လက်တွေ့ကျင့်သုံးခဲ့ကြောင်း၊ ရခိုင်ပြည်နယ် အခြေအနေ တင်းမာမှုသည် အခြေခံ အားဖြင့် လျော့ပါးလာပြီး ပုံမှန် ပြန်ဖြစ်နေကြောင်း၊ ဆွေးနွေးခြင်းသည် ရခိုင်ပြည်နယ် ပြဿနာ အတွက် အကောင်းဆုံး ဖြေရှင်းရေး နည်းလမ်း ဖြစ်သည်ဟု မြန်မာဘက်က သဘောတူပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် တိုင်ပင်ဆွေးနွေး လိုကြောင်း ပြောကြားသည်။

ဝမ်ယိက ရခိုင်ပြည်နယ် အခြေအနေ တင်းမာမှု လျော့ပါးစေရန် မြန်မာ အစိုးရ ကျင်းသုံးခဲ့သော ဆောင်ရွက်ချက်များ အပေါ် တရုတ်ပြည် အနေနှင့် ကြိုဆိုကြောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် တိုင်ပင်ဆွေးနွေးအောင် မြန်မာဘက်မှ ကြိုးပမ်းဆောင်ရွက်ရန် တရုတ်ပြည်သည် အားပေးထောက်ခံကြောင်း ပြောကြားသည်။

   Webradio