• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန် ဟူဟိုဟောက်မြို့ မိဘမဲ့ကလေးနှင့် မသန်စွမ်းသူ ကလေးများ ပြုစုစောင့်ရှောက် ရေးဌာနကို သွားရောက် ကြည့်ရှု

(GMT+08:00) 2017-09-22 19:17:17

၂၀၁၄ခုနှစ် ဇန်နဝါရီလ ၂၈ရက်နေ့ နံနက်ပိုင်းက တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် အတွင်းမွန်ဂိုး ကိုယ်ပိုင် အုပ်ချုပ်ရေး ဒေသ ဟူဟိုဟောက် မြို့ မိဘမဲ့ကလေးနှင့် မသန်စွမ်းသူ ကလေးများ ပြုစုစောင့်ရှောက်ရေးဌာနကို သွားရောက်ပြီး ကလေးများကို ကြည့်ရှုခဲ့ကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။

ဟူဟိုဟောက်မြို့ မိဘမဲ့ကလေးနှင့် မသန်စွမ်းသူ ကလေးများ ပြုစုစောင့်ရှောက်ရေး ဌာနကို ၁၉၉၉ခုနှစ်က စတင်တည်ထောင်ပြီး ဒေသတစ်ခုလုံးတွင် အကြီးကျယ်ဆုံး မိဘမဲ့ကလေးနှင့် မသန်စွမ်းသူ ကလေးများ ပြုစုစောင့်ရှောက်ရေးဌာန ဖြစ်ကာ လက်ရှိအချိန်၌ ပြုစုစောင့်ရှောက်မှု ခံနေသော ကလေးဦးရေမှာ ၂၀၀ကျော်ရှိကြောင်း၊ ပြီးခဲ့သည့် ၃နှစ်က အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်၏ လာရောက်ကြည့်ရှုခြင်းသည် ၄င်းဌာနက ဝန်ထမ်းအားလုံး အတွက် အားတက်စရာကောင်းကြောင်း၊ ပြီးခဲ့သည့် ၃နှစ်ကျော်အတွင်း ၄င်းဌာန၏ သင်ယူလေ့လာရေး၊ နေထိုင်မှုနှင့် နာလန်ထစေရေး အခြေအနေ တစ်ဆင့်တိုး ကောင်းမွန်လာကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။

   Webradio