![]() |
|
|
||||||
![]() |
![]() |
![]() |
|||||||||||||
![]() |
|||||||||||||
![]() |
|||||||||||||
|
|||||||||||||
![]() |
|||||||||||||
![]() |
တရုတ်ပြည်က မြန်မာနိုင်ငံအစိုးရအား ရဲအသုံးအဆောင်ပစ္စည်းများ လှူဒါန်းပွဲ အခမ်းအနားကို ယခုလ ၂၀ ရက်နေ့က မြန်မာနိုင်ငံ နေပြည်တော်၌ ကျင်းပခဲ့သည်။ မြန်မာ နိုင်ငံဆိုင်ရာ တရုတ်သံ အမတ်ကြီး ဟုန်လျန့်နှင့် မြန်မာနိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေတို့သည်၊ ယင်းအခမ်းအနားသို့ တက်ရောက်ပြီး၊ ဟုန်လျန့်သည်၊ တရုတ်အစိုးရကိုယ်စား မြန်မာအစိုးရအား ရဲအသုံး အဆောင်ပစ္စည်းများကို လှူဒါန်းခဲ့ကြောင်း စီအာအိုင်သတင်းအရသိရသည်။
တရုတ်ပြည်က မြန်မာအစိုးရအား လှူဒါန်းသော ယင်းအသုတ် ရဲ အသုံးအဆောင် ပစ္စည်များကို ရခိုင်ပြည်နယ်လုံခြုံရေးတပ်ဖွဲ့၏ လုံခြုံမှုကိရိယာတပ်ဆင်မှုများကို အစားထိုး အသုံးပြုမည်ဖြစ်ပြီး၊ဒေသတွင်းရဲလုပ်ငန်းအဆင့်အတန်းကို တိုးမြှင့်ပေးမည်ဖြစ်သည်ဟု သိရသည်။