• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဂျီအန် ခရိုင်သည် ရောဂါရှိ ဆင်းရဲသူများကို အစွမ်းကုန် ထောက်ပံ့ကူညီပေး

(GMT+08:00) 2017-09-14 09:32:06

တရုတ်ပြည် ကျန်းရှီးပြည်နယ် ဂျီအန် ခရိုင်၌ နေထိုင်သော လယ်သူမ ရှောင်မေလန်သည် လွန်ခဲ့သည့်နှစ်က သွေးကင်ဆာ ရောဂါ ရရှိခဲ့သည်။ ရောဂါ ကုသ ရသဖြင့် အိမ်တွင် တစ်ပြားမှမကျန် ဆင်းရဲလာသည်။

ရွာကော်မတီသည် သက်ဆိုင်ရာ စနစ်အရ ရှောင်မေလန်ကို ထောက်ပံ့ကူညီပေးသည်။ ယင်းထောက်ပံ့ကြေးများဖြင့် ရှောင်မေလန်သည် ဆေးဝါး ကုသမှု ဆက်လက်ခံယူရပြီး ယခု တဖြည်းဖြည်း သက်သာလာပြီ ဖြစ်သည်။ ဆေးဝါး ကုသရေး ဖြစ်စဉ် တစ်ခုလုံးအတွင်း ဆေးဖိုးဝါးခ ယွမ် ၄ သိန်း ၃ သောင်းကျော် အနက် ရှောင်မေလန် ကိုယ်တိုင် ၂ သောင်းသာ အကုန်အကျ ခံခဲ့သည်ဟု သိရပါသည်။

ဂျီအန် ခရိုင်သည် ရောဂါ ပြင်းထန်သော ဆင်းရဲသူများအား ထောက်ပံ့ကူညီရေး စံပြ ခရိုင် ဖြစ်ပါသည်။

   Webradio