• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဟန်ချင်မြို့၏ ပြန်လည် စိမ်းလန်းစိုပြေရေး လမ်းစဉ်

(GMT+08:00) 2017-09-12 09:50:55

တရုတ်ပြည် စမ်ရှီးပြည်နယ် ဟန်ချင်မြို့သည် ကျောက်မီးသွေး သိုလှောင်မှု ပမာဏ ကြွယ်ဝများပြားသဖြင့် ကျောက်မီးသွေးလုပ်ငန်ကို အားကိုးပြီး စီးပွါးရေး လျင်မြန်စွာ တိုးတက် လာခဲ့သည်။ သို့သော် တစ်ချိန်တည်းတွင် ပတ်ဝန်းကျင် ညစ်ညမ်းမှု အခြေအနေလည်း တစ်နေ့ထက် တစ်နေ့ ပြင်းထန်လာသည်။

ဟန်ချင်မြို့ အစိုးရဌာနများသည် လေထုညစ်ညမ်းမှု ပြင်းထန်သော ဒေသများ၌ နေထိုင်သူများကို လေထု ကောင်းမွန်သော နေရာများသို့ ရွှေ့ပြောင်းပေးခဲ့သည်။ တချိန်တည်းတွင် လက်ရှိ ကျောက်မီးသွေး သတ္တတွင်း ၂၀ ကျော်၌ စက်ကိရိယာများ ပြုပြင် အဆင့်မြှင့်တင်ရေး စသည့်နည်းလမ်းဖြင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု အခြေအနေကို ပြုပြင်ပေးခဲ့သည်။ ယခု ဟန်ချင်မြို့သည် စိမ်းလန်းစိုပြေသောမြို့ တစ်မြို့ ပြန်လည် ဖြစ်လာပြီဟု စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio