• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကျန်းတေကျန်းသည် မြန်မာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် တွေ့ဆုံ

(GMT+08:00) 2017-09-08 10:06:32

တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်း ကော်မတီ ဥက္ကဋ္ဌ ကျန်းတေကျန်းသည် ယခုလ ၇ ရက်နေ့ ညနေပိုင်းက ပီကင်း ပြည်သူ့ ခန်းမ ဆောင်ကြီး၌ မြန်မာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ကျန်းတေကျန်းက၊ တရုတ်-မြန်မာ နှစ်နိုင်ငံတို့သည် အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း၊ ဆွေမျိုးပေါက်ဖေါ်ကောင်းနှင့် မိတ်ဖက်ကောင်း ဖြစ်ကြောင်း၊ နှစ်ဖက်အကြား ချစ်ကြည်ရေး အစဉ်အလာနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတွင် ပိုမို များပြားသော အကျိုးသက်ရောက်မှု ရရှိစေရန် ရင်းနှီးစွာ ညှိနှိုင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   Webradio