• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည် ဟိုင်နန်ပြည်နယ်နှင့် ထိုင်းနိုင်ငံတို့ စီးပွားကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေး စာချုပ်များ ချုပ်ဆို

(GMT+08:00) 2017-09-06 15:37:19

တရုတ်ပြည် ဟိုင်နန်ပြည်နယ်နှင့် ထိုင်းနိုင်ငံတို့သည် စီးပွားကုန်သွယ်ရေး ကူးလူးဖလှယ်မှုများကို ဆက်လက် ဇောက်ချပြုလုပ်ကြောင်း၊ ယခုလ ၅ရက်နေ့က နှစ်ဖက်တို့သည် စုစုပေါင်း တရုတ် ယွမ်ငွေ ၃ဘီလီယံဖိုးရှိသော စီးပွားကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ်များကို ချုပ်ဆိုခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။ 

၎င်းစာချုပ်များတွင် လေကြောင်း ဝန်ဆောင်မှု သဘောတူ စာချုပ်၊ အပူပိုင်းဒေသ လယ်ယာစိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူ စာချုပ်နှင့် ဟိုင်နန်ပြည်နယ် ဟိုင်ခိုမြို့မှ ထိုင်းနိုင်ငံ Pattayaသို့ လေကြောင်းလိုင်း ဖွင့်လှစ်ခြင်း သဘောတူ စာချုပ်များ ပါဝင်ကြောင်း သိရသည်။

   Webradio