• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   Sunday  Apr 13th   2025   

ကမ္ဘောဒီးယား ရှေ့နေရုံးသည် တိုင်းပြည် အကျိုးရောင်းစားမှုဖြင့် Kem Sokhaကို တရားဝင် စွဲချက်တင်

(GMT+08:00) 2017-09-06 15:36:08

    ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင် ရှေ့နေရုံးမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ကမ္ဘောဒီးယား အမျိုးသား ကယ်ဆယ်ရေး ပါတီ ဥက္ကဋ္ဌ Kem Sokhaသည် ကမ္ဘောဒီးယား ရာဇဝတ် ဥပဒေ ပုဒ်မ ၄၄၃ကို ကျူးလွန်ခဲ့ကြောင်း၊ မိမိတို့ ရှေ့နေရုံးသည် ပနွမ်းပင်မြို့ ပဏာမ တရားရုံး ထံသို့ စာအမှတ် ၃၅၂၈ကို တင်သွင်းရာ တိုင်းပြည် အကျိုးရောင်းစားမှုဖြင့် Kem Sokhaကို တရားဝင် စွဲချက်တင်သည်ဟု ဆုံးဖြတ်ကြောင်း ယခုလ ၅ရက်နေ့က ပြောကြားသည်ဟု တရုတ် သတင်းဌာနမှ သတင်းအရ သိရသည်။

no comments !
   Webradio