• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် မလေးရှား ထိပ်သီးများ လက်နက်ကိုင်သမား ပူးတွဲ တိုက်ဖျက်ရေး ပရိယာယ်နှင့် ပတ်သက်၍ ဆွေးနွေးမည်

(GMT+08:00) 2017-09-05 12:57:01

ဖိလစ်ပိုင် သမ္မတ ဒူတာတယ်က မိမိသည် အင်ဒိုနီးရှား၊ မလေးရှား နိုင်ငံများမှ ထိပ်သီးခေါင်းဆောင်များနှင့် အစွန်းရောက် အိုင်အက်စ်အဖွဲ့၏ ဖြားယောင်းသွေးဆောင်မှု ခံရသည့် လက်နက်ကိုင်သမားများကို တိုက်ဖျက်ရေး အတွက် အထူးတပ်ဖွဲ့ တစ်ဖွဲ့ ဖွဲ့စည်းတည်ထောင်ရန်နှင့် ပတ်သက်၍ တိုင်ပင်ဆွေးနွေးမည် ဖြစ်ကြောင်း ယခုလ ၃ရက်နေ့က ပြောကြားသည်ဟု ဆင်ဟွာ သတင်းအရ သိရသည်။

သမ္မတ ဒူတာတယ်သည် အစွန်းရောက် လက်နက်ကိုင်သမားများ တိုက်ဖျက်ရေး ဆောင်ရွက်နေသည့် အင်ဒိုနီးရှားနှင့် မလေးရှား နှစ်နိုင်ငံအတွက် နယ်စပ်ဖွင့်ရန် ဆန္ဒရှိကြောင်း၊ ၄င်းက အင်ဒိုနီးရှား သမ္မတ ဂျိုကို-ဝီဒိုဒို၊ မလေးရှား ဝန်ကြီးချုပ် နာဂျစ်ဘ်နှင့် တွေ့ဆုံပြီး သက်ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးရန် စီစဉ်နေကြောင်း၊ ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်း မာလာဝီမြို့တွင် ဆင်နွှဲနေသည့် တိုက်ပွဲ ပြီးဆုံးလျှင် ၃နိုင်ငံ ထိပ်သီးများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပနိုင်ဖွယ်ရာ ရှိကြောင်း ပြောကြားသည်။

ထို့အပြင်၊ ဒူတာတယ်က အိုက်အက်စ်အဖွဲ့ ဆီးရီးယားတွင် ရှုံးနိမ့်သွားလျှင် အဖွဲ့မှ လက်နက်ကိုင်သမားများသည် မာလာဝီမြို့စသည့် ဒေသများသို့ ထွက်ပြေးတိမ်းရှောင်နိုင် ဖွယ်ရာရှိကြောင်းလည်း ပြောကြားသည်ဟု ယခုလ ၄ရက်နေ့ထုတ် ဆော်ဒီအရေဗျ နိုင်ငံ "အာရပ်သတင်း" နေ့စဉ် သတင်းစာတွင် ရေးသားဖော်ပြသည်။

ဖိလစ်ပိုင် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ အေနယ်စတို အာဘေရာက အာဘူဆာယဲ့ဗ် လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင် Hapilonကို ဖမ်းဆီးရန် အချိန်အတိုင်းအတာ တစ်ခုတော့ လိုအပ်ကြောင်း ပြောကြားသည်။ Hapilonသည် အရှေ့တောင်အာရှတွင် အိုင်အက်စ် အဖွဲ့၏ တာဝန်ခံ ဖြစ်ကြောင်း "အာရပ်သတင်း" နေ့စဉ် သတင်းစာမှ သတင်းအရ သိရသည်။

   Webradio