• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာဆီယံ ကုန်စည်ပြပွဲ ကျင်းပမည်

(GMT+08:00) 2017-09-04 15:12:39

၁၄ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ၊ တရုတ်-အာဆီယံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး ထိပ်သီး အစည်းအဝေးကို စက်တင်ဘာလ ၁၂ရက်နေ့မှ ၁၅ရက်နေ့အထိ တရုတ်ပြည် နန်နင်းမြို့တွင် ကျင်းပမည် ဖြစ်ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ယခုအကြိမ် ကုန်စည်ပြပွဲတွင် Belt and Road ပြခန်းကို ပထမဆုံး အကြိမ် ထားရှိမည် ဖြစ်ကြောင်း၊ ကာဇတ်စတန် နိုင်ငံသည် ပိုးလမ်းမကြီး စီးပွားရေး လမ်းကြောင်း တလျှောက် ရှိနိုင်ငံများတွင် ပထမဆုံး နိုင်ငံ အဖြစ် ပြပွဲ၌ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

ကွမ်ရှီးကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသ ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် စီးပွားရေးမှူးချုပ် ထန်အိုက်ပင်းက Belt and Road၏ သော့ချက်မှာ အပြန်အလှန် ဆက်သွယ်ရေး ဖြစ်ကြောင်း၊ ကွမ်းရှီးသည် တရုတ်-အင်ဒိုချိုင်းနားကျွန်းဆွယ် စီးပွားရေး စင်္ကြန်၊ တရုတ်-အာဆီယံ ဆိပ်ကမ်းမြို့များ ပူးပေါင်းဆောင်ရွက်ရေး ကွန်ရက်နှင့် တရုတ်-အာဆီယံ သတင်းအချက်အလက် အချက်အချာကို ပလက်ဖောင်းများ အဖြစ် အသုံးပြုပြီး Belt and Road ဆက်စပ်ပေးမည့် နိုင်ငံတကာ လမ်းကြောင်း ဖြစ်တည်ရန် အရှိန်မြှင့် တွန်းအားပေးနေကြောင်း ပြောကြားသည်။

ကွမ်ရှီး ကုန်သွယ်မှု တိုးမြှင့်ရေးအသင်း ဒုဥက္ကဋ္ဌ လီရှုရှမ်းက ယခုအကြိမ် တရုတ်-အာဆီယံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး ထိပ်သီး အစည်းအဝေးတွင် အဓိက ခင်းကျင်းပြသရမည့် နိုင်ငံမှ ထိပ်သီးခေါင်းဆောင်နှင့် တရုတ် လုပ်ငန်းရှင်းများ စားပွဲဝိုင်း အစည်းအဝေး၊ တရုတ်-အာဆီယံ ကုန်သွယ်ရေး ခေါင်းဆောင်များ ဖိုရမ်၊ အာဆီယံ အရှေ့ပိုင်း ဖွံ့ဖြိုးရေး ဒေသ ဖိုရမ်၊ တရုတ်-အာဆီယံ ကုန်သွယ်ရေး ဥပဒေ ပူးပေါင်း ဆောင်ရွက်ရေး နှီးနှောဖလှယ်ပွဲ၊ တရုတ်-အာဆီယံ နိုင်ငံ ဖြတ်ကျော် အွန်လိုင်း ကုန်သွယ်ရေး ပလက်ဖောင်း အောင်မြင်မှု ပြပွဲနှင့် ကူးလူးဖလှယ်မှုများ ပြုလုပ်မည် ဖြစ်ကြောင်း ပြောကြားသည်။

   Webradio